စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် တွင်စစ်ကောင်စီ စစ်ကြောင်းထိုးမှုကြောင့် ရေဦးမြို့နယ်သို့ထွက်ပြေးတိန်းရှောင်လာရသည့် စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာ၊ ဆေးဝါး နှင့်ခြုံစောင်များ အရေးပေါ်လိုအပ် နေကြောင်း ရေဦးမြို့နယ်စစ်ရှောင်ပြည်သူ့ထောက်ပံ့ရေးအဖွဲ့မှသိရသည်။
![]() |
Photo - ရေဦးမြို့နယ်စစ်ရှောင်ပြည်သူ့ထောက်ပံ့ရေးအဖွဲ့ |
ပြီးခဲ့သည့် သြဂုတ်လအတွင်းမှစကာ ဒီပဲယင်းမြိုပေါ်မှ စစ်ဘေးရှောင်ပြည်သူများ သည် အိုးအိမ်စွန့်ခွာ ထွက်ပြေးလာကြခြင်းဖြစ်သည်။
ယနေ့အချိန်ထိ စစ်ဘေးရှောင်များသည် ရေဦးမြို့နယ်အတွင်း (၃)လကျော်ကြာ တိမ်းရှောင် နေရပြီး အသက်(၈ဝ)ကျော် အဘိုးအဖွားများနှင့် ကလေးသူငယ်များ ပါဝင်ကြောင်း ဒေသခံများကပြောကြားသည်။
ဒီပဲယင်းမြို့နယ်မှ ရေဦးမြို့နယ်အတွင်းသို့ အရေးပေါ်တိမ်းရှောင်ရင်းကျန်းမာရေး ချိုတဲ့ကာ အသက်ဆုံးပါးသွားသည့် အသက်(၅၀)ကျော်နှင့် အသက်(၆ဝ)ကျော်အရွယ် စစ်ဘေးရှောင် (၃)ဦးထက်မနည်း ရှိနေကြောင်းသိရသည်။
ရေဦးမြို့နယ်အတွင်းတွင် တိမ်းရှောင်နေကြသည့် ဒီပဲယင်းမြိုပေါ်မှ စစ်ဘေးရှောင် အိမ်ထောင်စု (၅၄)စုမှ လူဦးရေ (၁၇ဝ)ခန့်ရှိပြီး ကာလရှည်တိန်းရှောင်နေရသည့် အတွက် စားနပ်ရိက္ခာ ၊ ဆန်၊ ဆီ၊ ဆေးဝါး၊ ခြုံစောင်များ အရေးပေါ်အကူအညီ လိုအပ်နေ ကြောင်း ရေဦးမြို့နယ်စစ်ရှောင်ပြည်သူ့ထောက်ပံ့ရေးအဖွဲ့မှထုတ်ပြန်သည်။
Comments
Post a Comment