ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ် ဆမ္မဆယ်ကျေးရွာ အင်းဝိုင်းအမှတ်(၃) ဆင်းရွှေလီသကြားစက်ရုံတွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲမှုကြောင့် အမျိုးသား (၁)ဦးထိမှန်သေဆုံးခဲ့သည်။
ယမန်နေ့ နိုဝင်ဘာလ (၁၈) ရက်နေ့ ညနေ (၇:၃၀)အချိန်တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံး (၂)လုံး လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ဆင်းရွှေလီသကြားစက်ရုံ ဂိုဒေါင်မီးလောင်သွားခဲ့ပြီး အဆောင်အချို့ထိမှန်ပျက်စီးခဲ့ကြောင်း တအာင်းတပ်မတော် TNLA ကထုတ်ပြန်သည်။
ထို့အပြင် နောင်ချိုမြို့နယ် လုံစံကျေးရွာကို နိုဝင်ဘာလ (၁၆)နေ့တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် (၁၂ )နှစ်အရွက် ကလေးငယ် (၁)ဦး သေဆုံးပြီး အရပ်သား (၃)ဦးဒဏ်ရာရရှိခဲ့သည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၁၃ ရက်နေ့တွင်လည်း နောင်ချိုမြိုအတွင်း စစ်ကောင်တပ်က ဂျက်ဖိုက်တာဖြင့် ပေါင်း (၃ဝဝ) ဗုံး (၂)လုံး လာရောက်ကြဲချမှုကြောင့် အမျိုးသား (၄)ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည်။
Photo - TNLA
Comments
Post a Comment