ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ ဈေးရပ်ကွက်တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ (၆)ဦး ထိမှန်ဒဏ်ရာရခဲ့သည်။
နိုဝင်ဘာလ ၂၂ ရက် ညသန်းခေါင် အချိန်တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ပေါင် (၃ဝဝ) ဗုံး (၂)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက်(၈)နှစ်အရွယ် ကလေးငယ်တဦးအပါအဝင် ဒေသခံ (၆)ဦး ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၁၂)လုံးထိခိုက်ပျက်စီးခဲ့သည်။
![]() |
Photo - နောင်ချိုမြို့ ဈေးရပ်ကွက်အား စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုများ။ |
စစ်ကောင်စီ၏ ဗုံးစထိမှန်ဒဏ်ရာရရှိသူများကို ဆေးရုံသိုပိုဆောင် ဆေးဝါးကုသပေးနေကြောင်း တအာင်းတပ်မတော် TNLA ကထုတ်ပြန်သည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၁၈ ရက်နေ့ ညအချိန်တွင်လည်း ဆင်းရွှေလီသကြားစက်ရုံကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံး (၂)လုံး လာရောက်ကြဲချမှုကြောင့် ဒေသခံ (၁)ဦး ထိမှန်သေဆုံးခဲ့သည်။
စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေးသတိရှိရန်လိုအပ်ကြောင်း၊ လူစုလူဝေးမပြုလုပ်ကြရန်နှင့် လေကြောင်းရန် ကာကွယ်မှုဆိုင်ရာ အသိပေးထုတ်ပြန်ချက်များ လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း TNLA က အသိပေးသည်။
Comments
Post a Comment