စစ်ကောင်စီရေတပ်မှ တပ်ကြပ် ၁ ဦးနှင့် သံချပ်ကာ ပြင်ဆင်ရေး ပင်မအလုပ်ရုံ တပ်ကြပ်ကြီး ၁ ဦးတို့မှ လက်နက်မဲ့ အလင်းဝင်ရောက်ခဲ့ကြောင်း ရန်ကုန်တိုင်းစစ်ဌာနမှ ထုတ်ပြန်သည်။
ဌင်းတတပ်ကြပ်နှစ်ဦးသည် ရန်ကုန်တိုင်းစစ်ဌာန၊ တပ်ရင်း ၅၁ဝ၁ နှင့် ၅၁ဝ၂ သို့ အလင်းဝင်ခဲ့ခြင်းဖြစ်သည်။
ရန်ကုန်တိုင်းစစ်ဌာနမှ လက်နက်မဲ့ အလင်းဝင်လာသော စစ်ကောင်စီရေတပ်မှ တပ်ကြပ် နိုင်မင်းဇော်၊ ကိုယ်ပိုင်အမှတ် - ၄၅xxx) နှင့် သံချပ်ကာ ပြင်ဆင်ရေး ပင်မအလုပ်ရုံ တပ်ကြပ်ကြီး အောင်မင်းဇင်၊ ကိုယ်ပိုင်အမှတ် - တ/၄၅××××) တို့ကို စစ်ဘက်ဆိုင်ရာလုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်လက်ခံပြီး ဂုဏ်ပြုဆုငွေ ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ အတွင်းတွင်လည်း ရန်ကုန်တိုင်းစစ်ဌာန၊ တပ်ရင်း ၅၁၀၂ သို့ စစ်ကောင်စီ ရေတပ်၊ အမှတ်(၂) ဗျူဟာစစ်ရေယာဉ်စု (မော်လမြိုင်)(ဟိန်းဇဲဒေသ) မှ တပ်ကြပ်ညီညီလွင် ကိုယ်ပိုင်အမှတ် (ပည/၁၂-၄၅×××) သည် လက်နက်မဲ့ အလင်းဝင်ရောက်ခဲ့ပြီး ဂုဏ်ပြုဆုငွေ ချီးမြှင့်ခဲ့သည်။
ဌင်းနည်းတူ ၂၀၂၄ ခုနှစ်သြဂုတ်လအတွင်းကလည်း စစ်ကောင်စီတပ်မ ၄၄ လက်အောက်ခံ ခမရ ၂ မှ တပ်သား ဝေလင်းထက်၊ ကိုယ်ပိုင်အမှတ် (တ-၅၇၀xxx) နှင့် ခလရ ၁၂(တပ်ရင်း ၃၅၆) မှ တပ်သား ခွန်ကျော်ဦး၊ ကိုယ်ပိုင်အမှတ် (တတ-၁၃၃xxx) တို့ ၂ ဦးသည် ရန်ကုန်တိုင်းစစ်ဌာန၊ တပ်ရင်း ၅၁၀၂ သို့ လက်နက်မဲ့ အလင်းဝင်ရောက်ခဲ့သည်။
လက်နက်ချပြီး ပြည်သူနှင့် ပူးပေါင်းလိုသော စစ်ကောင်စီတပ်သားများကို လူ့အခွင့်အရေး အပြည့်အဝရရှိစေပြီး ဆုငွေများ ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းစစ်ဌာနမှ ထုတ်ပြန်သည်။
Photo - ရန်ကုန်တိုင်းစစ်ဌာန
Comments
Post a Comment