မန္တလေးတိုင်း၊ မတ္တရာမြို့နယ် ၊ လက္ကောင်းကြီးကျေးရွာအုပ်စု ၊ လက္ကောင်းကြီးရွာသစ်ရှိ ဓမ္မာရုံအား ယနေ့ နိုဝင်ဘာလ (၂၇)ရက်နေ့ နံနက်(၉:၁၅)အချိန်တွင် တိုက်ပွဲဖြစ်ပွါးခြင်းမရှိပဲ စစ်ကောင်စီမှ ဒရုန်းဖြင့် လာရောက်တိုက်ခိုက်သောကြောင့် ကိုရင်(၁)ပါး နှင့် အမျိုးသမီးငယ်(၂)ဦး အသက်သေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)မှထုတ်ပြန်သည်။
မတ္တရာမြို့နယ် ၊ သပိတ်ကျင်းမြို့နယ် နှင့် နောင်ချိုမြို့နယ်တိုတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နှင့် စစ်ကောင်စီတို့အကြား တို့က်ပွဲများ ဖြစ်ပွါးလျက်ရှိသည်။
စစ်ကောင်စီသည် ၎င်းတို လက်လွှတ်ခဲ့ရသည့် တပ်စခန်းများနှင့် နယ်မြေများကို ပြန်လည်ရရှိရန် ကြိုးစားလျက်ရှိပြီး ပြည့်အဝ ထိန်းချုပ်ထားဆဲဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) မှ ထုတ်ပြန်သည်။
ဓါတ်ပုံ − စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့်လက္ကောင်းကြီးရွာသစ် ဓမ္မာရုံ။
Comments
Post a Comment