ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁) အခြေခံစစ်သင်တန်း အပတ်စဉ် (၂/၂၀၂၄) သင်တန်းဆင်းပွဲကို နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ကျင်းပခဲ့ကြောင်း ဌင်းတပ်ဖွဲ့မှထုတ်ပြန်သည်။
အခြေခံစစ်သင်တန်း အပတ်စဉ် (၂/၂၀၂၄) ကို (၂၂.၈.၂၀၂၄) ရက်နေ့မှ စတင်လေ့ကျင့်ခဲ့သော်လည်း စစ်ကောင်စီ စစ်ကြောင်းများထိုး၍ နယ်မြေမတည်ငြိမ်မှုများကြောင့် သင်တန်းရပ်နားခဲ့ပြီး အခက်အခဲမျိုးစုံကြား သင်တန်းအောင်မြင်စွာ ပြီးမြောက်ခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁) မှသိရသည်။
အခမ်းအနားတွင် သင်တန်းဆင်း ရဲဘော်များက ချီတက်အလေးပြုခြင်း ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် အလံတော်အား အလေးပြုခြင်း ၊သစ္စာ အဓိဌာန်ဆိုခြင်း နှင့် သင်တန်းဆင်း ရဲဘော်များအား သစ္စာရေ တိုက်ခြင်း နှင့် ရန်ကုန်တိုင်းပကဖ တာဝန်ခံ ကိုနောင်ရိုးမှ ပေးပို့လာသည့် သဝဏ်လွှာ ဖတ်ကြားခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
ထို့ပြင် ABSDF အပါအဝင် ၊ မဟာမိတ်တော်လှန်ရေးအင်အားစုများ ၊ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြသည်။
ဓာတ်ပုံ - ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(၁)
Comments
Post a Comment