ဗိုလ်ချုပ်ကြီးမောင်မောင်အေး၏ သားဖြစ်သူ မင်္ဂလာဧည့်ခံပွဲကို ဒရုန်းများဖြင့် တိုက်ခိုက် ရဲနှင့်စစ်သား အချို့ထိခိုက်သေဆုံး
နေပြည်တော် MICC2 ၌ အောက်တိုဘာလ ၂၅ ရက်ကကျင်းပခဲ့သည့် စစ်အုပ်စု ကြည်း၊ရေ၊လေညှိနှိုင်းကွပ်ကဲရေးမှူးဗိုလ်ချုပ်ကြီးမောင်မောင်အေး၏သားဖြစ်သူ မင်္ဂလာဧည့်ခံပွဲအား ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့မှထုတ်ပြန်သည်။
စစ်အုပ်စု ခေါင်းဆောင်များတက်ရောက်မည်ဖြစ်ကြောင်း သတင်းရရှိသဖြင့် စနစ်တကျပြင်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။
![]() |
ဓာတ်ပုံ - Shar Htoo Waw |
ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့၏ ဒရုန်းတိုက်ခိုက်မှုကြောင့် လုံခြုံရေးဆောင်ရွက်နေသော ရဲနှင့်စစ်သားအချို့ ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်းသိရသည်။
ထို့ပြင် အခမ်းအနားတက်ရောက်လာကြသော စစ်အုပ်စု ဗိုလ်ချုပ်အချို့မှာလည်း ကြောက်လန့်ထွက်ပြေးကာ ဝရုန်းသုန်းကားဖြစ်ခဲ့ကြောင်း နေပြည်တော်သတင်းရင်းမြစ်များထံမှ သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၅ ရက်နေ့ကလည်း ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့၏ Kloud Drone အဖွဲ့နှင့် နေပြည်တော်စစ်တိုင်းဌာနတို့သည် စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ တရုတ်ပြည်ခရီးစဉ်ထွက်ခွာချိန် နေပြည်တော်လေဆိပ်သို့ Fixed wing အသေခံဒရုန်းများဖြင့် တိုက်ခိုက်မှုပြုလုပ်ခဲ့သည်။
အဆိုပါတိုက်ခိုက်မှုကြောင့် ဗိုလ်မှုး ၁ ဦး၊ ဗိုလ်ကြီး ၁ ဦး၊ တပ်ကြပ်ကြီး ၁ ဦး၊ တပ်သား ၂ ဦး၊ လေဆိပ်လုံခြုံရေး ၂ ဦး သေဆုံးပြီး ၁၁ ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
Comments
Post a Comment