တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားသော မြို့များတွင် ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား (၁၃)ဦး သေဆုံးကာ(၃၆)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNLA ကထုတ်ပြန်သည်။ ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီလ ၆ ရက်တွင် နောင်ချိုမြို့ သပြေတောင်ရပ်ကွက်အား စစ်ကောင်စီတပ်မှ ဗုံး (၁)လုံး ကြဲချတိုက်ခိုက်မှုကြောင့် အရပ်သား (၁)ဦး ဒဏ်ရာရရှိပြီး နေအိမ် (၅)လုံး ပျက်စီးခဲ့သည်။ Photo - TNLA ဖေဖော်ဝါရီလ ၁ဝ ရက်နေ့တွင် စစ်ကောင်စီတပ်မှ မိုးကုတ်မြို့အနောက်ပိုင်း ဝန်းထရံရပ်ကွက်အား လေကြောင်းကိုအသုံးပြုပြီး ဗုံး (၂ဝ)လုံး ကြဲချမှုကြောင့် အရပ်သား(၅)ဦး သေဆုံးခဲ့ကာ (၁၉)ဦး ဒဏ်ရာရရှိခဲ့သည်။ ဖေဖော်ဝါရီလ ၂ဝ ရက်တွင် နောင်ချိုမြို့ ဘူတာရပ်ကွက်နှင့် ပြည်သူ့ဆေးရုံပေါ်သို့ စစ်ကောင်စီတပ်မှ ဗုံး (၂)လုံးကြဲချတိုက်ခိုက်မှုကြောင့် အရပ်သား (၃)ဦး သေဆုံးခဲ့ပြီး (၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ အလားတူ မိုးမိတ်မြို့နယ် ဝဲဘောင်းကျေးရွာကို စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံး (၂)လုံး ကြဲချမှုကြောင့်အရပ်သား (၃)ဦး သေဆုံးခဲ့ပြီး (၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂ဝ ရက်ကလည်း နောင်ချိုမြိ...
မွန်ပြည်နယ်ရှိ အမြောက်တပ်စခန်းနှင့် စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ခဲ့ပြီးစစ်ကောင်စီတပ်မှ (၈) ဦးသေဆုံးကာ (၃) ဦး ဒဏ်ရာရရှိခဲ့ကြောင်း မွန်ပြည်သစ်ပါတီ NMSP-AD မှထုတ်ပြန်သည်။
နိုဝင်ဘာလ ၂၃ ရက်နေ့တွင် သံဖြူဇရပ်မြို့အဝင်ရှိ ဖောင်စိန်စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ပြီး အရာရှိ(၂)ဦးအပါအဝင် စစ်ကောင်စီတပ်သား(၃)ဦးသေဆုံးကာ (၂)ဦးဒဏ်ရာရှိခဲ့ကြောင်း ဖော်ပြသည်။
အလားတူ နိုဝင်ဘာလ ၂၆ ရက်နေ့တွင် မုဒုံမြို့နယ် အဘစ်ကျေးရွာရှိ စစ်ကောင်စီ အမတ (၃၁၈)တပ်ကို ဒရုန်းဖြင့်ထပ်မံတိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ(၅)ဦးသေဆုံးကာ (၁)ဦး ဒဏ်ရာရရှိခဲ့ကြောင်း မွန်ပြည်သစ်ပါတီ NMSP-AD မှထုတ်ပြန်သည်။
Comments
Post a Comment