ကရင်ပြည်နယ် ဖာပွန်မြို့နယ် မထောအခြေစိုက် စစ်ကောင်စီ လက်အောက်ခံ ခမရ-၄၀၄/၄၀၇/၄၀၈ စခန်းများအား နိုဝင်ဘာလ ၂၂နေ့၌ KNLA-ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နှင့် ပူးပေါင်းတပ်မဟာ/မဟာမိတ်စစ်သည်တော်များမှ အပြီးသတ်တိုက်ခိုက်ရှင်းလင်းချေမှုန်းခဲ့သည်။
ဌင်းစခန်းများမှ ကစယ်သဲဖလယ်(တောင်းသုံးလုံး)နှင့်ထွီသီးအူ(ခွေးသေ)သို့တပ်ဆုတ်ထွက်ပြေးသွားသော စစ်ကောင်စီတပ်သားများအား အဆင့်ဆင့်ဖြတ်တောက်တိုက်ခိုက်ရာ ၁ဝ ဦးထပ်မံသေဆုံးခဲ့ကြောင်း KNLA မှသိရသည်။
![]() |
ဓါတ်ပုံ − KNLA |
ဌင်းပြင် စစ်ကောင်စီတပ်သား ၂ဝ ခန့်အား ကစဉ့်ကလျားသုတ်ခြေတင်ထမ်းပိုးသယ်ဆောင်သွားကြကြောင်း သိရသည်။
အထက်ပါတိုက်ပွဲနှစ်ကြိမ်အတွင်း စစ်ကောင်စီတပ်များထံမှ RPG-7 တလက်နှင့် ၎င်းကျည်ဖူး (၃၈)လုံး၊ ၈၁ မမတလက်နှင့် ၎င်းကျည်သီး(၆)လုံး၊ MA-1(၉)လက်၊ MA-2(၄)လက်၊ MA-3(၄)လက်၊ MA-4(၂)လက်၊ ငါးမြီးစက်လတ်(၁)လက်၊ ၆၀မမပြောင်းရှည်(၂)လက်၊ ၆၀မမပြောင်းတို(၂)လက်၊ ရှေ့ထွက်မြေမြှုပ်ဗုံး(၃)လုံး၊ ၆၀မမကျည်(၁၂၃)လုံး၊ G-3ကျည်(၆၀၀၀)တောင့်၊ ဟွန်ဒါမီးစက်တလုံး၊ ခွင်းဗုံး(၅၃)လုံး၊ ဆက်သွယ်ရေးစကားပြောစက်ကြီးတလုံးနှင့် စားသုံးဆီ(၂)ပုလင်း အသီးသီးသိမ်းဆည်းရမိခဲ့ကြာင်း KNU-Mutraw News မှထုတ်ပြန်သည်။
Comments
Post a Comment