ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ် လျင်ဟိုဒေသအတွင်းရှိ သံလွင်မြို့နယ်နှင့် နမ့်ပေါင် မြို့နယ်ရှိ စာသင်ကျောင်း ၂ ကျောင်းကို စစ်ကောင်စီတပ်မှ နိုဝင်ဘာလ ၂၄ ရက် ညနေပိုင်းတွင် လေကြောင်းတိုက်ခိုက်ခဲ့ပြီး အရပ်သား ၃ ဦး ဒဏ်ရာရခဲ့ကြောင်း ကိုးကန့်တပ် MNDAA မှသတင်းထုတ်ပြန်သည်။
နိုဝင်ဘာလ ၂၄ ရက်နေ့ ည ၇ နာရီ ၃ဝ မိနစ်အချိန်တွင် စစ်ကောင်စီတပ်မှ အနည်းဆုံး ဗုံးလေးလုံး ကြဲချခဲ့ပြီး သံလွင်မြို့နယ်ရှိ ဂွိုယုကျောင်းနှင့် နမ့်ပေါင်မြို့နယ်ရှိ မြန်မာအထက်တန်းကျောင်းတို့ ပြင်းထန်စွာ ထိခိုက်ပျက်စီးခဲ့ကြောင်းသိရသည်။
![]() |
Photo - MNDAA |
ထို့အပြင် လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ အရပ်သား ၃ ဦး ဒဏ်ရာရခဲ့ပြီး နေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့ကြောင်း MNDAA မှသတင်းထုတ်ပြန်သည်။
ဌင်း ဒဏ်ရာရသူ ၃ ဦးသည် မိသားစုဝင်များဖြစ်ပြီး အသက် ၆ နှစ်အရွယ် ကလေးငယ်မှာမျက်နှာနှင့်ညာဘက်ဝမ်းဗိုက်၊ပေါင်ထိပ်နားဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
ကလေး၏ မိခင်ဖြစ်သူမှာ ခြေထောက်နှင့်ခေါင်းတွင်(မစိုးရိမ်ရ)ဒဏ်ရာရရှိခဲ့ပြီး ဖခင်ဖြစ်သူမှာ ဦးခေါင်းဒဏ်ရာကပြင်းထန်သောကြောင့် အရေးပေါ်ဆေးကုသမှုခံယူနေရကြောင်း လားရှိုးမြို့ ပြန်လည်ထူထောင်ရေးအဖွဲ့မှ ထုတ်ပြန်သည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၅ ရက် နံနက်အစောပိုင်းကလည်း စစ်ကောင်စီတပ်သည် လားရှိုးမြို့ ရပ်ကွက် ၁၂ ဟိုင်းဂါကျေးရွာနှင့် မယ်ဟန်မြို့နယ်ကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
ဌင်းတိုက်ခိုက်မှုကြောင့် လူနေအိမ်ခြေ အများအပြား နှင့်အဆောက်အအုံများ၊ ယာဉ်များ ပျက်စီးခဲ့သည်။
Comments
Post a Comment