ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့ ရပ်ကွက် (၄)အား စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် တဦးအပါအဝင် ဒေသခံ (၃)ဦး သေဆုံးပြီး (၁၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ယမန်နေ့ နိုဝင်ဘာလ ၁၇ရက်နေ့ ည (၁၁:၄၇)အချိန်တွင် စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် တဦးနှင့် အမျိုးသမီး (၂)ဦး သေဆုံးခဲ့ပြီးအမျိုးသား (၇)ဦးနှင့် အမျိုးသမီး (၆)ဦး ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ကာ နေအိမ် (၈)လုံး ထိမှန်ပျက်စီးခဲ့ကြောင်း တအာင်းတပ် TNLA ကယနေ့ထုတ်ပြန်သည်။
ပြီးခဲ့သည့် ၂ဝ၂၄ ခုနှစ် သြဂုတ်လ ၅ ရက်နေ့ ကလည်း စစ်ကောင်စီမှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကွတ်ခိုင်မြို့အားလေကြောင်းတိုက်ခိုက်မှုကြောင့် ရပ်ကွက် (၅)နှင့် ရပ်ကွက်(၈)ရှိ ဒေသခံပြည်သူ(၆)ဦးဗုံးစထိမှန်သေဆုံးပြီး (၁ဝ)ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ဌင်းပြင်ကွတ်ခိုင်မြို့မဈေးရှိ ဆိုင်ခန်းပေါင်း (၄ဝ၁)ခန်းလည်းဗုံးပေါက်ကွဲမှုကြောင့် မီးလောင်မှုဖြစ်ပွားကာ ထိခိုက်ပျက်စီးခဲ့သည်။
အလားတူ နိုဝင်ဘာလ (၁၇)ရက်နေ့တွင်လည်း မိုင်းငေါ့မြိုတွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ပေါင် (၃၀၀) ဗုံး (၂)လုံး လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ဒေသခံ(၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ပြီးခဲ့သည့် နိုင်ဝင်ဘာ ၁ ရက်နေ့လည်း ကွတ်ခိုင်မြို့ ရပ်ကွက်(၂)တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ (၂)စီးဖြင့် ဗုံး (၈)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ကြောင်း TNLA ကထုတ်ပြန်သည်။
ဓာတ်ပုံ - ကွတ်ခိုင်မြို့အား စစ်ကောင်စီတပ် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲမှုမြင်ကွင်း။
Comments
Post a Comment