ပဲခူးတိုင်း၊ညောင်လေးပင်ခရိုင်(ခလယ်လွီထူခရိုင်)၊ ကျောက်ကြီးမြို့နယ်(လယ်ဒိုမြို့နယ်)တွင် နိုဝင်ဘာလ (၂ဝ) ရက်နေ့မှစ၍ (၂၆) ရက်နေ့အထိ စစ်ကောင်စီတပ်မှ ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူ (၆)ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးမှထုတ်ပြန်သည်။
ဌင်းပြင် နေအိမ်(၃)လုံး၊ ဆန်စက်(၁)လုံး၊ ဆေးခန်း (၂) ခန်းနှင့် ပြည်သူပိုင်အဆောက်အဦး (၂)လုံး ပျက်စီးခဲ့သည့် အပြင် ပြည်သူ (၁) ဦးကိုလည်း စစ်ကောင်စီတပ်မှ အကြောင်းမဲ့ဖမ်းဆီးခဲ့ကြောင်း သိရသည်။
![]() |
ဓါတ်ပုံ − စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများ။ |
နိုဝင်ဘာလ (၂ဝ) ရက်နေ့မှ နိုဝင်ဘာလ (၂၆) ရက်နေ့အထိ စစ်ကောင်စီတပ်မှ ရေတွင်းကုန်းကျေးရွာ၊ ကညင်ကြိုးကျေးရွာ၊ကျောင်းကုန်းကျေးရွာ၊စဉ့်အိုးလာကျေးရွာ၊ ဂရုပ်ကုန်းကျေးရွာ၊ဝါချဲကျေးရွာ၊ လိန်ပင်ကျေးရွာ၊ နိုဖိုးကျေးရွာ၊ ဖျံတလင်းကျေးရွာနှင့် ခိုလိုကျေးရွာ များအား လက်နက်ကြီး(၁၈)လုံး၊ ဒရုန်းဖြင့် (၂ဝ)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံးမှထုတ်ပြန်သည်။
Comments
Post a Comment