မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်၊ ဆောက်ခြုံပေါက်ရွာတွင် စစ်ကောင်စီ စစ်ကြောင်းကို တိုက်ခိုက်ခဲ့ပြီး တပ်သား ၁၂ ဦး သေဆုံးခဲ့ကြောင်း NUG အမှတ် (၁) စစ်ဒေသမှ ထုတ်ပြန်သည်။
ဗိုလ်မှူး ကျော်ဇေယျ (ခမရ-၇ဝ၁) ဦးစီးသော ခမရ (၇ဝ၁၊ ၇ဝ၃၊ ၇ဝ၄) အင်အား (၇ဝ) ကျော်ပါ စစ်ကြောင်းအား ပြင်ဦးလွင်ခရိုင်ကွပ်ကဲရေးမှူး၏ကွပ်ကဲမှုနှင့် အမှတ် (၅၁ဝ) တပ်ရင်း၊ မန္တလေးခရိုင် ပကဖ၊ မဟာအောင်မြေမြို့နယ်/ ချမ်းမြသာစည်မြို့နယ်/ မတ္တရာမြို့နယ် ပကဖ ပူးပေါင်းအဖွဲတို့မှ နိုဝင်ဘာလ (၁၇) ရက် နံနက်ပိုင်းတွင် တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။
![]() |
Photo - အမှတ် (၁) စစ်ဒေသ |
ထိုစစ်ကြောင်း သည် မန္တလေးခရိုင်၊ အောင်မြေသာစံမြိုနယ်ရှိ စအရ-၉၁ဝ (အမှတ်-၉၁ဝ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း) တွင် အင်အားစုဖွဲ့ပြီး သဖန်းဒေါင့်ရွာမှတဆင့် ဝင်ရောက်လာခြင်းဖြစ်သည်။
တိုက်ပွဲအတွင်း စစ်ကောင်စီထံမှ (၁၂) ဦး သေဆုံးပြီး MA-15 (ငါးကြင်းမြီး) နှင့်MA-10 (RPG) အပါ လက်နက် (၉) လက်၊ RPG ဒုံးသီး (၈) လုံး၊ ၆၀ မမ ဗုံးသီး (၅) လုံး၊ အီနာဂါ ဗုံးသီး (၅) လုံး၊ 5.56 ကျည် (၃၅၁) တောင့်၊ G-3 ကျည် (၂၄၈) တောင့်၊ MA ကျည်အိမ် (၇) ခု၊ ကျည်အိမ်အဝိုင်း (၁) ခု၊ MA-15 ကျည်ခါးပတ် (၁) ခု၊ Equipment (၁) ခု၊ ယူနီဖောင်း (၂) စုံ သိမ်းဆည်းရရှိခဲ့ကြောင်း အမှတ် (၁) စစ်ဒေသမှ ထုတ်ပြန်သည်။
တိုက်ပွဲအတွင်း စစ်ကောင်စီ နမခမှ တက်လာသော Mi-35 ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး မိတ္ထီလာမှ တက်လာသော ဂျက်တိုက်လေယာဉ်ဖြင့် (၅) ကြိမ် ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
Comments
Post a Comment