စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊လိပ်ဆင်းတောင်ရွာအား စစ်ကောင်စီတပ်မှ နိုဝင်ဘာလ ၁၇ ရက်နေ့ ညနေပိုင်းတွင် ဂျက်ဖိုက်တာ ဖြင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး ပြည်သူ ၁ ဦးသေဆုံး ခဲ့ကြောင်း ဒေသခံများမှသိရသည်။
![]() |
ဓာတ်ပုံ - ကျွန်းလှမြို့နယ် လိပ်ဆင်းတောင်ရွာကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုမြင်ကွင်း။ |
စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် လိပ်ဆင်းတောင်ရွာရှိ ကားဝပ်ရှော့မှ ကားများနှင့် နေအိမ် ၃ လုံးထိမှန်ပျက်စီးခဲ့ကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်မှထုတ်ပြန်သည်။
စစ်ကောင်စီတပ်သည် နိုဝင်ဘာလ ၁၆ ရက်နေ့ကလည်း ကျွန်းလှမြို့နယ် အနောက်ခြမ်းရှိ ကျေးရွာတရွာအား လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး နေအိမ်အချို့မီးလောင်ပျက်ဆီးခဲ့သည်။
ကန့်ဘလူခရိုင်တွင် စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးပြီး ပြည်သူများအား သတ်ဖြတ်ခြင်း၊ပျူသင်တန်းတက်ရန် အတင်းအဓမ္မဖမ်းဆီးနေခြင်းကြောင့် ပြည်သူ ၈ဝဝဝ ခန့် အိုးအိမ်စွန့်ခွါကာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့- ကန့်ဘလူခရိုင်ကထုတ်ပြန်သည်။
Comments
Post a Comment