ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၏ စစ်သုံ့ပန်းများထားရှိရာ အချုပ်ဆောင်အား ယနေ့ အောက်တိုဘာလ (၃ဝ) ရက်နေ့ နံနက်အစောပိုင်း (၁)နာရီအချိန်တွင် စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့ပြီး စစ်သုံ့ပန်း ဗိုလ်မှုးတစ်ဦးအပါအဝင် (၄)ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ (၁)ဦး ရှိခဲ့ကြောင်း မန္တလေး PDF မှထုတ်ပြန်သည်။
စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် အောက်တိုဘာလ (၂၈) ရက်နေ့ ညနေ ပိုင်းကလည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၏ စစ်ဆင်ရေးများအတွင်း ဖမ်းဆီးရမိခဲ့သော စစ်သုံ့ပန်းများထားရှိရာ အချုပ်ဆောင်အား လေကြောင်းတိုက်ခိုက်မှု(၂)ကြိမ် ပြုလုပ်ခဲ့သည်။
ဌင်းလေကြောင်းတိုက်ခိုက်မှုကြောင့် ဘီလူးစစ်ကြောင်းမှ စစ်သုံ့ပန်းများနှင့် အခြားစစ်သုံ့ပန်းများ ထားရှိရာ အဆောက်အအုံအား ထိမှန်ခဲ့ပြီး စစ်သုံ့ပန်း(၈)ဦး အပါအဝင် (၁၂)ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ (၆၀)ဦးဝန်းကျင် ရှိခဲ့ကြောင်း မန္တလေး PDF မှထုတ်ပြန်သည်။
စစ်ကောင်စီသည် သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသော ၎င်းတို့၏ တပ်ဖွဲ့ဝင်များကို ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိပြီး (၂)ရက်တာအတွင်း သေဆုံးသူ(၁၆)ဦး အထိရှိလာခဲ့ပြီဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)မှသိရသည်။
Photo - ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)
အောက်တိုဘာလ (၃ဝ) ရက်နေ့ နံနက်အစောပိုင်း (၁)နာရီအချိန်တွင် စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်ခဲ့သည့်မြင်ကွင်။
Comments
Post a Comment