ဟားခါး-ထန်တလန်လမ်းရှိ စစ်တပ်စခန်းကို သိမ်းပိုက် စစ်သား ၁၅ ဦး သေဆုံး ဗိုလ်မှူးအပါအဝင် ၄ ဦး အရှင်ဖမ်းမိ
ချင်းပြည်နယ်၊ ဟားခါးမြို့အနီး ဟားခါး-ထန်တလန်လမ်းရှိ Kiamtlang စစ်တပ်စခန်းကိုတိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း Chinland Defense Force - Hakha မှထုတ်ပြန်သည်။
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်နေ့တွင် Operation Rung အမည်ဖြင့် Chinland Defense Force - Hakha နှင့် Chin National Armyမှ ပူးပေါင်းတိုက်ပွဲဖော်ဆောင်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။
ထိုစခန်းသိမ်းတိုက်ပွဲတွင် စစ်သား ၁၅ဦး သေဆုံးခဲ့ပြီး ဗိုလ်မှူးအပါအဝင် ၄ဦး အရှင်ဖမ်းမိခဲ့သည်။
တိုက်ပွဲတွင် MA1 ငါးလက်၊ MA2 တစ်လက်၊ MA3 နှစ်လက်၊ MA11 တစ်လက်၊ ကျည်ဘောက် ၄၂ခု၊ မိုင်း နှင့် ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း CDF- Hakha ကအသိပေးသည်။
အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်ရေးအတွက် တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းပြီး ဆက်လက် တိုက်ပွဲဖော်ဆောင်သွားမည်ဖြစ်ကြောင်း CDF-Hakha ကထုတ်ပြန်သည်။
Photo - CDF-Hakha ချင်းတပ်ဖွဲ့ဝင်များနှင့် ဖမ်းဆီးရမိသည့်စစ်ကောင်စီတပ်သားများ။
Comments
Post a Comment