၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းချိန်မှ ၂၀၂၄ ခုနှစ် ဩဂုတ်လ ၃၁ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုက နိုင်ငံရေးအကြောင်းပြချက်ဖြင့် ဖမ်းဆီးခံခဲ့ရသူ အမျိုးသမီး ၅၆၄၉ ဦး နှင့် သတ်ဖြတ်ခံခဲ့ရသူ အမျိုးသမီး စုစုပေါင်း ၁၁၃၂ ဦးကို အမည်နှင့်တကွ မှတ်တမ်းတင်ထားနိုင်ခဲ့ ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ကထုတ်ပြန်သည်။
ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ကြောင်းသိရသည်။
ခေတ်အဆက်ဆက် မြန်မာ့နိုင်ငံရေး အခင်းအကျင်းတိုင်းတွင် ကျရာနေရာမှ နောက်မဆုတ်စတမ်း ရဲရဲဝံ့ဝံ့ပါဝင်ခဲ့ကြသည့် အမျိုးသမီးများ၏ ရဲစွမ်းသတ္တိနှင့် အားမာန်ကို ယခု နွေဦးတော်လှန်ရေးတွင်လည်း အထင်းသားမြင်တွေ့နေကြကြောင်း အေအေပီပီက ယနေ့ထုတ်ပြန်သည့် နွေဦးတိုက်ပွဲအတွင်းမှ အကျဉ်းစံအမျိုးသမီးများ စာတမ်းတွင်ဖော်ပြသည်။
၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းချိန်မှ ၂၀၂၄ ခုနှစ် ဩဂုတ်လ ၃ဝ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေ စီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ ၅၅၈၈ ဦး ရှိခဲ့ပြီဖြစ်ကြောင်း AAPP ကထုတ်ပြန်သည်။
Photo - AFP/Getty Images (2021)
Comments
Post a Comment