မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ထီးလင်းမြို့နယ်တွင် ဖမ်းခေါ်သွားသည့် ဓားစာခံ ပြည်သူ ၄ ဦး အနက် ၃ ဦးကိုစစ်ကောင်စီတပ် ကပစ်သတ်ခဲ့ကြောင်း ယောအလင်းတန်းအဖွဲ့မှ သိရသည်။
ထီးလင်းမြို့နယ်မြောက်ပိုင်း ရေမျက်နီကျေးရွာ စစ်ကောင်စီ ကာကင်းစခန်းမှ ပြန်ဆုတ်လာခဲ့သည့် အင်အား ၈၂ ဦးပါ စစ်ကြောင်းသည် ပုံညာတောင်ခြေရင်း လမ်းခရီး၌ တွေ့သည့် ပြည်သူ အချို့အား ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်း သိရသည်။
ဌင်းစစ်ကြောင်းမှ ပြန်လည်ဆုတ်ခွာလာချိန်တွင် ထီးလင်းမြိုနယ် ပါးမျဉ်းရွာမြောက်ဖက်တနေရာအရောက်၌ ဒေသခံ ပြည်သူ့တော်လှန်ရေး အဖွဲ့တခုမှ ကြားဖြတ် တိုက်ခိုက် ခဲ့ပြီး စစ်ကောင်စီတပ်သား ၄ ဦးထက်မနည်းသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများ နိုင်ကြောင်း သိရသည်။
ဌင်းစစ်ကြောင်းမှ အထိနာခဲ့သည့် အတွက် စက်တင်ဘာ ၂ ရက်နေ့တွင် ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်ခဲ့သည့် ပြည်သူ ၄ ဦး အနက် ၃ ဦးအား ယမန်နေ့ ည ၉ နာရီ ၄၅ မိနစ်ခန့်တွင်သေနတ်ဖြင့် ပစ်သတ် ခဲ့ကြောင်း ယောအလင်းတန်းအဖွဲ့မှ သိရသည်။
စစ်ကောင်စီစစ်ကြောင်းမှ ဓားစာခံအဖြစ်ဖမ်းဆီးခေါ်ဆောင်ခဲ့သူ တဦးမှာ ထွက်ပြေး လွတ်မြောက်လာပြီး ဓားစာခံ ပြည်သူ ၃ ဦး၏ အလောင်းများအား ထီးလင်းမြို့နယ် အနီးရှိတောတွင်း တနေရာတွင် စွန့်ပစ်ထားခဲ့ကြောင်း သိရသည်။
စစ်ကောင်စီစစ်ကြောင်းသည် လျှော်ဖြူပင်ရွာက ပြည်သူ ၈ ဦး ကိုလည်း စက်တင်ဘာလ ၁ ရက်နေ့က ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး ပြန်လည်လွတ်မြောက်ခဲ့ကြောင်း ယောအလင်းတန်းအဖွဲ့မှ သိရသည်။
Comments
Post a Comment