ရန်ကုန်တိုင်း၊ တာမွေမြို့နယ် ရဲစခန်းကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၂၈) ရက်နေ့တွင် Anonymous Force (ရန်ကုန်စစ်ဒေသခွဲ - PRF) က ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင် (၃) ဦး သေဆုံးခဲ့ကြောင်း PRF မှသိရသည်။
တာမွေမြို့နယ် ရဲစခန်းသည် စစ်ကောင်စီ၏ အကျိုးစီးပွားကို ကာကွယ်ကာ ပြည်သူကို နှိပ်စက် ဖိနှိပ်လျက် ရှိသော ကြောင့် အဆိုပါ တာမွေမြို့နယ် ရဲစခန်းကို (၁၄း၄၀) နာရီခန့်တွင် ဗုံးခွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး စစ်ကောင်စီ၏ အသုံးတော်ခံ အကြမ်းဖက် ရဲတပ်ဖွဲ့ဝင် (၃) ဦး သေဆုံးကြောင်း မြေပြင် ထောက်လှမ်းမှုများအရ သိရှိရသည်ဟုလည်း ပြည်သူ့တော်လှန်ရေးအင်အားစု - PRF ကထုတ်ပြန်သည်။
အထက်ပါ ဗုံးခွဲတိုက်ခိုက်မှုကို ချီတာစစ်ဆင်ရေး "Cheetah Operation" များထဲမှ တစ်ခုအဖြစ် ဆောင်ရွက် ခဲ့ခြင်းဖြစ်ပြီး အဖွဲ့ဝင်များအနေဖြင့် တစ်စုံတစ်ရာ ထိခိုက်ခဲ့ခြင်း မရှိဘဲ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း ပြည်သူ့တော်လှန်ရေးအင်အားစု - PRF ကထုတ်ပြန်သည်။
Comments
Post a Comment