Skip to main content

Latest News

အိုးဘိုထောင်တွင် ငလျင်ကြောင့် ၄ ဦးသေဆုံး ဒဏ်ရာရရှိသူများအား ဆေးကုသခွင့် ကန့်သတ်

 မန္တလေးမြို့ရှိ အိုးဘိုထောင်တွင် မတ်လ ၂၈ ရက်နေ့က ငလျင်ဒဏ်ကြောင့် ၄ ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာ ပြင်းထန်သူများအား ဆေးကုသခွင့် ကန့်သတ်ခြင်းခံနေရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)မှထုတ်ပြန်သည်။  ငလျင်ကြောင့် အိုးဘိုထောင်ရှိ အမျိုးသမီးအဆောင်များဖြစ်သည့် အဆောင်(၁)/(၂)နှင့် အမျိုးသမီးဆေးရုံဆောင်များပြိုကျပျက်စီးခဲ့ပြီး အမျိုးသားအဆောင်အလုပ်ရုံအပါအဝင် အဆောင်များနှင့် ကာရံထားသည့် အုတ်ရိုးများပြိုကျခဲ့သည်။ ထို့ပြင်ငလျင်ကြောင့်  စိုးရိမ်ရသူ(၉)ဦးရှိပြီး ဆေးရုံတက်ရန်လိုအပ်သူ(၄ဝ)ကျော်ရှိသည်။  အချို့ထိခိုက်ဒဏ်ရာများသည် အကျဉ်းထောင်များတွင် ကုသရန်မလွယ်ကူ၍ ပြင်ပဆေးရုံသို့ ပို့ဆောင်ရန် လိုအပ်လျှက်ရှိသော်လည်း ကုသခွင့်မရပဲ ယနေ့အချိန်ထိ ကန့်သတ်ခံထားရကြောင်း PPNMမှထုတ်ပြန်သည်။  ထို့အပြင် ထိခိုက်ဒဏ်ရာရရှိသူများမှာ မိသားစုဝင်များနှင့် ဆက်သွယ်တွေ့ဆုံခွင့်မရသည့် အခြေအနေများလည်း ရင်ဆိုင်ကြုံတွေ့နေရသည်။ အိုးဘိုထောင်တွင် ဆေးဝါးလိုအပ်ချက်များစွာရှိနေပြီး အရက်ပြန်၊ဂွမ်း၊အနာကျက်ဆေးရည်၊ပတ်တီး စသည့် ဆေးဝါးပစ္စည်းများလိုအပ်လျှက်ရှိကြောင်း  PPNMမှထုတ်ပြန်သည်...

ကရင်ပြည်နယ်ရှိ ဆိုက်ဘာငွေလိမ်လုပ်ငန်းတွင် ပါဝင်ပတ်သက်နေသည့် မလေးရှား ဒုဝန်ကြီးဟောင်းကို စုံစမ်းစစ်ဆေး

ကရင်ပြည်နယ်ရှိ ဆိုက်ဘာငွေလိမ်ဗဟိုချက်တစ်ခုတွင် မလေးရှား ဒုတိယဝန်ကြီးဟောင်း Datuk Dr Mashitah Ibrahim နှင့် သူမ၏ခင်ပွန်းဖြစ်သူ Datuk Abdul Shakor bin Abu Bakar တို့ ပါဝင်ပတ်သက်နေမှုအပေါ် မလေးရှားရဲတပ်ဖွဲ့နှင့် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးကော်မရှင်တို့က စုံစမ်းစစ်ဆေးနေကြောင်း Justice For Myanmar က ထုတ်ပြန်သည်။ 

မြန်မာနိုင်ငံတွင်း ရာဇဝတ်စီးပွားဂိုဏ်းလုပ်ငန်းများတွင် ဒုဝန်ကြီးဟောင်းနှင့် သူမ၏ခင်ပွန်းတို့ ပါဝင်ပတ် သက်မှုအား စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း၊ အဆိုပါဇနီးမောင်နှံထံမှ ထွက်ဆိုချက်များကို ဇူလိုင်လတွင် ရယူပြီးဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ ရဲရေးဗိုလ်ချူပ်ကြီး Tan Sri Razarudin Husain က ယမန်နေ့ သတင်းစာရှင်းလင်းပွဲတွင် အတည်ပြုပြောကြားသည်။ ရဲတပ်ဖွဲ့ဝင်များက သက်သေများကို ရှာဖွေနေကြောင်းလည်း ၎င်းကပြောကြားခဲ့သည်။


မာရှီတအီဗရာဟင်သည် အဆိုပါကိစ္စနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့ဝင်များထံ ထွက်ဆိုချက်ပေးခဲ့ကြောင်း အတည်ပြု ထုတ်ဖော်ပြောကြားထားသည်။

အရပ်ဘက်အဖွဲ့အစည်းများက တိုင်ကြားခဲ့ပြီးနောက်ပိုင်း မလေးရှား အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး ကော်မရှင် (MACC) ကလည်း မာရှီတအီဗရာဟင်အပေါ် စုံစမ်းစစ်ဆေးမှုများ ယခုအပတ်အတွင်း စတင်လုပ်ဆောင်ခဲ့ကြောင်းသိရသည်။

မြန်မာစစ်အုပ်စု၏မဟာမိတ်၊ ပြည်သူ့စစ်တဖြစ်လဲ ကရင်နယ်ခြားစောင့်တပ်ဖွဲ့/ ကရင်အမျိုးသား တပ်မတော် (BGF/KNA)နှင့်အတူ Dongmei Park တွင် ပါဝင်နေသည့် ထင်ရှားသော မလေးရှားနိုင်ငံသားများ၏ အခန်းကဏ္ဍကို ဖော်ထုတ်ထားသည့် Justice For Myanmar ၏ မေလ အစီရင်ခံစာ ထွက်ပေါ်ခဲ့အပြီး၊ ယခုလိုစုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်လာခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါအစီရင်ခံစာတွင် မာရှီတအီဗရာဟင်၊ အဗ္ဗဒူရှာကောနှင့် အခြားသူများ၏ အမည်များကို ဖော်ထုတ်ခဲ့ကြောင်း၊မာရှီတအီဗရာဟင်နှင့် အဗ္ဗဒူရှာကော အပါအဝင် မြန်မာနိုင်ငံရှိ ဆိုက်ဘာငွေလိမ်ခြံဝန်းကြီးများတွင် ပါဝင်ပတ်သက်သည့် မလေးရှားနိုင်ငံသားအားလုံးအပေါ် လျင်မြန်သော စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ပြီး၊ ၎င်းတို့အား ဥပဒေအရ အရေးယူအပြစ်ပေးပါရန် မလေးရှားရဲတပ်ဖွဲ့သို့ Justice For Myanmar တိုက်တွန်းအပ်ကြောင်း ထုတ်ပြန်သည်။

ယခင်က Saixigang Industrial Park ဟု အမည်ပေးထားသည့် Dongmei နိုင်ငံဖြတ်ကျော် ရာဇဝတ်လုပ်ငန်းဗဟိုချက်ကို လူကုန်ကူးခံရသည့် အလုပ်သမားများဖြင့် လုပ်ငန်းလည်ပတ်နေခြင်း ဖြစ်ကြောင်း၊ ယင်းအလုပ်သမားများသည် ရာဇဝတ်လုပ်ငန်းများကို အတင်းအကြပ်စေ ခိုင်းစေခံရမှု၊ ညှဉ်းပမ်းနှိပ်စက်မှု၊ ငွေညှစ်ခံရမှုများနှင့် ကြုံတွေ့ခဲ့ကြရသူများလည်း ဖြစ်ကြောင်း၊ ဖမ်းဆီးခံထားရသူများ မထွက်ပြေးနိုင်စေရန်အတွက် ကင်းစောင့်မျှော်စင်များ၊ ပင်မဂိတ်တွင် ရိုင်ဖယ်သေနတ်ကိုင် စစ်ယူနီဖောင်းဝတ် အစောင့်အကြပ်များဖြင့် လုံခြုံရေး တင်းတင်းကျပ်ကျပ် ချထားကြောင်းသိရသည်။

ပြီးခဲ့သည့် မေလအတွင်း Justice For Myanmar က အသေးစိတ်ဖော်ပြခဲ့သည့်အတိုင်း မာရှီတအီဗရာ ဟင်နှင့် အဗ္ဗဒူရှာကော ဘင် အဘူ ဘာကာတို့သည် ၎င်းတို့၏ မိတ်ဆွေအချို့နှင့်အတူ ၂၀၂၀ ခုနှစ်၊ ဇန်နဝါ ရီလ၊ ၂၉ ရက်နေ့တွင် ထိုင်းနိုင်ငံနှင့် မြဝတီမြို့နယ်သို့ သွားရောက်ခဲ့ကြကြောင်း၊ ဓါတ်ပုံတစ်ပုံတွင် ငွေလိမ် ခြံဝန်းကြီး၏ ဆောက်လုပ်ရေးလုပ်ငန်း ဖြစ်ပုံရသည့်နေရာတစ်ခု၌ မာရှီတအီဗရာဟင်အား ကရင်နယ်ခြား စောင့်တပ်ဖွဲ့များက ဝန်းရံလျက် ရိုက်ကူးထားသည်ကို တွေ့ရကြောင်းသိရသည်။

နောက်တစ်လတွင်လည်း ၎င်းတို့သည် ထိုင်းနှင့် မြန်မာနိုင်ငံသို့ ပြန်လည်လာရောက်ခဲ့ပြီး၊ မာရှီတအီဗရာဟင်က “တာကော” ၂၀ အုပ်စုနှင့်အတူ ခရီးသွားနေကြောင်း ဖေဖော်ဝါရီလ ၂၃ ရက်နေ့ တွင် ဘန်ကောက်လေဆိပ်မှ ပို့စ်တင်ခဲ့ကြောင်း၊ “တာကော” သည် ကန်တုန်ဘာသာစကားအရ အစ်ကိုကြီး သို့မဟုတ် သူဌေးဟူ၍ အဓိပ္ပါယ်ရကြောင်း၊အဆိုပါသူဌေးများမှ တစ်ဦးသည် Wan Kuok-koi ဖြစ်ကြောင်း သိရသည်။

နောက်တစ်ရက်တွင် မာရှီတအီဗရာဟင်သည် မြဝတီမြို့နယ်အတွင်းရှိ စီမံကိန်းနေရာ၌ ပြုလုပ်သည့် စီမံကိန်းအုတ်မြစ်ချအခမ်းအနားမှနေ၍ ပို့စ်တင်ခဲ့ကြောင်း၊ အဆိုပါအခမ်းအနားတွင် အဗ္ဗဒူရှာကောက မိန့်ခွန်းပြောကြားခဲ့ကြောင်း၊စီမံကိန်းအုတ်မြစ်ချအခမ်းအနား၏ ဓါတ်ပုံနှင့်ဗွီဒီယိုဖိုင်များတွင် အခမ်းအနားအတွင်း လက်နက် အပြည့်အစုံတပ်ဆင်ထားသည့် ကရင် BGF စစ်သားများက စင်မြင့်ပေါ်၌ မတ်တပ်ရပ်၍ လုံခြုံရေးပေးနေသည်ကို တွေ့ရပြီး၊ ၎င်းသည် အဆိုပါဆိုက်ဘာငွေလိမ်ခြံကြီးတွင် ပြည်သူစစ်အဖွဲ့၏ ပါဝင်ပတ်သက်မှု နောက်ထပ်အထောက်အထားပင် ဖြစ်ကြောင်း သိရသည်။

၂၀၂၀ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့တွင် ကွာလာလမ်ပူမြို့တော်ရှိ၊ Marriott Hotel ၌ အဆိုပါစီမံကိန်း ဖွင့်လှစ်ခြင်းနှင့် “ရင်းနှီးမြှုပ်နှံသူများအား ကျေးဇူးတင်ခြင်း” အခမ်းအနားကို ကျင်းပခဲ့ကြောင်း ၊ အခမ်းအနား တွင် “လူငယ်အသင်းလုပ်ငန်းများ” အတွက် အလှူငွေများ ပေးအပ်ခဲ့ပြီး၊ ဓါတ်ပုံများတွင် Dongmei Group နှင့် မာရှီတအီဗရာဟင်၊ အဗ္ဗဒူရှာကောတို့ပိုင်ဆိုင်သည့် Grand Commerce Network တို့က ပေးအပ်သည့် CIMB Bank ချက်လက်မှတ်ကြီးတစ်စောင်ကို တွေ့ရကြောင်း သိရသည်။

မလေးရှားနိုင်ငံသားများသည် ရွှေကုက္ကိုလ်ဒေသရှိ ရထိုက်မြို့သစ်စီမံကိန်းတွင်လည်း ပါဝင်နေကြကြောင်း၊ ရထိုက်မြို့သစ်စီမံကိန်းသည် ကရင် BGF/KNA နှင့် မိတ်ဖက်ဆောင်ရွက်၍ ဆိုင်ဘာငွေလိမ်လုပ်ငန်း၊ တရားမဝင် အွန်လိုင်းလောင်းကစားလုပ်ငန်းများမှ အကျိုးအမြတ်များ ရှာဖွေနေသည့် ဖွံ့ဖြိုးရေး အမည်ခံ စီမံကိန်းတစ်ခုလည်း ဖြစ်ကြောင်း ၊ မလေးရှားနိုင်ငံသားနှစ်ဦးသည် ရထိုက်မြို့သစ်စီမံကိန်း ဖော်ဆောင်သူ Myanmar Yatai International Holding Group Company Limited တွင် ဒါရိုက်တာနှင့် ရှယ်ယာရှင်များအဖြစ် ပါဝင်နေကြကြောင်း သိရသည်။

Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “Dongmei Park ရဲ့ စီးပွားရေးလုပ်ကိုင်ပုံက လူတွေကို အတိဒုက္ခရောက်၊ ဘဝပျက်စေတဲ့ ပုံစံဖြစ်ပါတယ်။ ဒီစီမံကိန်းက စစ်ရာဇဝတ်မှုတွေ ကျူးလွန်မှုအတွက် တာဝန်ရှိတဲ့ ရာဇဝတ်ပြည်သူ့စစ် အဖွဲ့ ကရင် BGF/KNA ရဲ့ ပူးပေါင်းပါဝင်မှုနဲ့ လူကုန်ကူးမှု၊ ဆိုက်ဘာ လူကျေးကျွန်ပြုမှုတွေကနေ အကျိုးအမြတ် ရှာဖွေနေတာ ဖြစ်ပါတယ်။လာမယ့်အာဆီယံဥက္ကဌအဖြစ် ဆောင်ရွက်မယ့် မလေးရှားနိုင်ငံအနေနဲ့ လူကုန်ကူးမှုတွေနဲ့ ဆိုက်ဘာ လူကျေးကျွန်ပြုမှုတွေမှာ ၎င်းတို့ရဲ့နိုင်ငံသားတွေ ပါဝင်ပတ်သက်မှုကို သည်းခံမှာမဟုတ်ဘူး ဆိုတာကို မြန်မာပြည်သူတွေနဲ့ အာဆီယံဒေသကို ပြသသင့်ပါတယ်” ဟု ပြောကြားသည်။

Bagan News


Comments

Popular posts from this blog

ရေလယ်ကျွန်းဒေသတွင် တိုက်ပွဲပြင်းထန်ပြီး MBT ဌာနချုပ် လက်လွှတ်လိုက်ရ

မကွေးတိုင်း၊ရေစကြိုမြို့နယ်၊ ချင်းတွင်းမြစ်အရှေ့ဘက် ရေလယ်ကျွန်းဒေသတွင် စစ်ကောင်စီတပ်နှင့် ၈ ရက်ကြာတိုက်ပွဲပြင်းထန်ပြီးနောက်  Myingyan Black Tiger (MBT)တပ်ဖွဲ့ဌာနချုပ်ကို လက်လွှတ်လိုက်ရသည်။ ဖေဖော်ဝါရီလ ၂၆ရက်နေ့မှ မတ်လ ၅ ရက်နေ့အထိ Myingyan Black Tiger (MBT)တပ်ဖွဲ့နှင့် စစ်ကောင်စီ ပူးပေါင်းတပ် အကြား ရေလယ်ကျွန်းဒေသတွင် တိုက်ပွဲများဖြစ်ပွားခဲ့သည်။ ယမန်နေ့ မတ်လ ၅ ရက်နေ့တွင် ဇရပ်နီကျေးရွာ၏ မြောက်ဘက်တွင် MBT တပ်ဖွဲ့နှ့င့် စစ်ကောင်စီတပ်တို့ နောက်ဆုံးအကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဌာနချုပ် တပ်စခန်းအား လက်လွှတ်လိုက်ရကြောင်း ဌင်းတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။  ဌင်းပြင် မတ်လ ၅ ရက်နေ့တွင် စစ်ကောင်စီတပ်မှ ဇရပ်နီကျေးရွာ၏ မြောက်ဘက်အားလေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့သည်။  ခဲယမ်းပျက်တောက်မှုနှင့် မဟာမိတ်တပ်များ စစ်ကူလာရန် လမ်းကြောင်းခက်ခဲမှုကြောင့် ဌာနချုပ်တပ်စခန်းအား လက်လွှတ်လိုက်ရကြောင်း MBTတပ်ဖွဲ့ကပြောသည်။  ၎င်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား (၁ဝ)ဦးထက်မနည်း သေဆုံးခဲ့ပြီး  ပြည်သူများ အန္တရယ်ကင်းစွာ ရှောင်တိမ်းရန် ခုခံကာကွယ်နိုင်ခဲ့ကြောင်း MBTတပ်ဖွဲ့ကထုတ်ပြန်သည်။  အင်အား...

စဉ့်ကူးမြို့နယ် သယံဇာတလုပ်ငန်းအချို့ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်အတွင်းရှိ သယံဇာတလုပ်ငန်းအချို့ရှိရာနေရာကို စစ်ကောင်စီက ဂျက်ဖိုက်တာများအသုံးပြုပြီး လေကြောင်းက ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ မတ်လ (၂၄)ရက်နေ့ ညတွင် စစ်ကောင်စီက စဉ့်ကူးမြို့နယ်အား ဂျက်ဖိုက်တာ(၅)စီးခန့် အသုံးပြုကာ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY_PDF ကထုတ်ပြန်သည်။  စဉ့်ကူးမြို့နယ်ရှိ မာလဲနတ်တောင်ဆည် ၊ ဇိုက်ချောင်းကျေးရွာ ၊ ထောက်ကြံ့ပင်ကျေးရွာ နှင့် ကံတောင်ကျေးရွာ တိုအား လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး ဒေသခံပြည်သူများ အလုပ်လုပ်ကိုင်ရာ သယံဇာတလုပ်ငန်းအချို့အား ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း MDY_PDF ကပြောသည်။  ဌင်း လေကြောင်းတိုက်ခိုက်မှုများကြောင့်  ကျား(၁) ဦး နှင့် မ(၁) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အဆောက်အဦးများစွာ ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံများမှသိရသည်။ လေကြောင်းတိုက်ခိုက်မှုတွင်  စစ်ကောင်စီ၏ မပေါက်ကွဲခဲ့သော လေယာဉ်ဗုံးအချို့ရှိခဲ့ပြီး    ရှင်းလင်းဖယ်ရှားခဲ့ ကြောင်း MDY_PDF က ထုတ်ပြန်သည်။  မန္တလေးတိုင်း စဉ့်ကူးမြို့နယ်အတွင်းရှိ စစ်ကောင်စီ စခန်းများအားလုံးနှင့်စဉ့်ကူးမြို့ကို MDY - P...

စစ်ကောင်စီတပ် လေကြောင်း တိုက်ခိုက်မှုကြောင့် မူးမြို့နယ် အရပ်သား ၃ ဦး သေဆုံး

ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်(လယ်ဒို)နှင့်နှင့် မူးမြို့နယ်အတွင်း တွင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှု ကြောင့် အရပ်သား ၃ ဦး ထိခိုက်သေဆုံးခဲ့ပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၈ လုံး ထိမှန်ပျက်စီးခဲ့ကြောင်း ကေအဲန်ယူ−ဗဟိုမှထုတ်ပြန်သည်။ ထုတ်ပြန်ချက်အရ မတ်လ ၆ ရက် နေ့ညနေတွင် စစ်ကောင်စီ တောင်ငူလေတပ်မှ ဂျက်ဖိုင်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့်  မူးမြို့နယ်၊ ကျောက်ကြီးပေါက်ကျေးရွာနေ အမျိုးသမီး၁ ဦးသေဆုံးခဲ့သည်။ ဌင်နေ့တွင် စစ်ကောင်စီတပ်မှ မကျည်းတောကျေးရွာအတွင်း ထပ်မံပစ်ခတ်ခဲ့ရာ ၎င်းကျေးရွာနေ အရပ်သား ၂ ဦးသေဆုံးခဲ့သည်။  လယ်ဒိုမြို့နယ် တရေးစီလော်(နရွဲပင်) ကျေးရွာအား မတ်လ ၆ ရက်နေ့တွင် စစ်ကောင်စီတပ် လေတပ်မှ လေကြောင်း တိုက်ခိုက်မှုကြောင့် နေအိမ်(၁)လုံးထိမှန်ပျက်စီးခဲ့သည်။ စစ်ကောင်စီတပ်သည်  မတ်လ ၄ ရက်နှင့် ၅ ရက်များတွင် ကရင်ပြည်နယ်၊ ကော့ကရိတ် မြို့နယ် အတွင်းရှိ အစွန်းကျေးရွာ ၊ ဘော့ဒိုင်းကျေးရွာများအား လေကြောင်း တိုက်ခိုက်မှုကြောင့်  စာသင်ကျောင်း ၁ ကျောင်း၊ နေအိမ် ၃ လုံး အပါအဝင် အရပ်သား ၄ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်။ ဓါတ်ပုံ − စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိ...