ပဲခူးတိုင်း၊ တောင်ငူလေတပ် စခန်းဌာနချုပ်အား သြဂုတ်လ ၂၆ ရက်နေ့တွင် "Rain of Fire" စစ်ဆင်ရေးဖြင့် 114mm ရှော့တိုက်ဒရုန်းများ၊ Kamikaze drone များဖြင့် ပစ်ခက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် (၅)ဦးထက်မနည်းသေဆုံးကာ ဒဏ်ရာရရှိမှုများလည်းရှိကြောင်း ပျက်စီးမှုများ အတည်ပြုနေဆဲဖြစ်ကြောင်း တောင်ပိုင်းစစ်ဒသ၊ အမှတ်(၂)စစ်ဒေသခွဲကွပ်ကဲရေး မှထုတ်ပြန်သည်။
တောင်ပိုင်းစစ်ဒေသ JOC ၏ ညွှန်ကြားမှု၊ အမှတ်(၂ ) စစ်ဒေသခွဲ ကွပ်ကဲမှုဖြင့်အကြမ်းဖက်စစ်ကောင်စီ၏ တောင်ငူလေတပ်စခန်းဌာနချုပ်အား တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"Rain of Fire" စစ်ဆင်ရေးကို စစ်ဒေသခွဲ လက်နက်ကြီးတပ်ဖွဲ့၊ ရှားထူးဝါ် နည်းပညာအဖွဲ့၊ KLOUD Drone Team၊ တပ်မဟာ၂ KNLA တပ်ရင်း(၅)) တပ်မဟာ (၂)အထူးတပ်ရင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတာ် တောင်ငူခရိုင် အမှတ်၂တပ်ရင်း (၃၅၀၂)၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နေပြည်တော်စစ်တိုင်းဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အမှတ်(၂)စစ်ဒေသခွဲကွပ်ကဲရေး မှထုတ်ပြန်သည်။
တောင်ငူမြို့ရှိ စစ်ကောင်စီ တောင်ငူလေတပ်စခန်းအတွင်းကို ဩဂုတ်လ ၂ဝ ရက်၊ ညကလည်း ၁ဝ၇ မမ ရှော့တိုက်ဒုံး (၇) လုံးပစ်ခတ်ခဲ့ရာ ပစ်မှတ်သို့ (၄)လုံး အောင်မြင်စွာ ထိမှန်ပေါက်ကွဲခဲ့ပြီး ထိခိုက်မှု ပြင်းထန်နိုင်ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့ ကထုတ်ပြန်ခဲ့သည်။
Comments
Post a Comment