ပဲခူးတိုင်း၊ ခလယ်လွီထူခရိုင်(ညောင်လေးပင်) လယ်ဒိုမြို့နယ်(ကျောက်ကြီး) မြို့နယ်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားများ ထိခိုက်ခဲ့ကြောင်း ကေအဲန်ယူ-ဗဟို မှထုတ်ပြန်သည်။
၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၂၅) ရက်နေ့ တွင် စစ်ကောင်စီတပ် ခလရ-၂၆၄ တပ်ရင်းမှ ၁၂၂ မမ နှင့် ၁၂၀ မမ စုစုပေါင်း (၁၁) လုံးပစ်ခတ်မှုကြောင့် ဘုရားကြီးကျေးရွာ၊ ပဒဲကောကျေးရွာ၊ ကညင်ကြိုးကျေးရွာ၊ ငါးဖယ်အင်းကျေးရွာနှင့် လက်ခံကျေးရွာ အကြားတွင် ကျရောက်ပေါက်ကွဲ ခဲ့ကြောင်းသိရသည်။
၂၀၂၄ ခုနှစ်၊ ဩဂုတ် (၂၄) ရက်နေ့တွင်လည်း စစ်ကောင်စီတပ် ခလရ-၂၆၄ တပ်ရင်းမှ ၁၂၂ မမ နှင့် ၁၂၀ မမ စုစုပေါင်း (၆) လုံးပစ်ခတ်ခဲ့ရာမှ ထိုပစ်ခတ်မှုကြောင့် ကုန်းမြင့်သာယာကျေးရွာနှင့် ယောက်သွားကုန်းကျေးရွာ အနီးတွင် ကျရောက်ပေါက်ကွဲခဲ့ ကြောင်းသိရသည်။
၂၀၂၄ ခုနှစ်၊ ဩဂုတ် (၂၃) ရက်နေ့ တွင်လည်း စစ်ကောင်စီတပ် ခလရ-၂၆၄ တပ်ရင်းမှ ၈၁ မမနှင့် ၁၂၀ မမ စုစုပေါင်း (၄) လုံးပစ်ခတ်ခဲ့ရာ ကညွန့်ကုန်းကျေးရွာနှင့် ယောက်သွားကုန်းကျေးရွာအနီးတွင် ကျရောက်ပေါက်ကွဲ ပြီး ပဒဲကောကျေးရွာအတွင်းတွင် ကျရောက်ပေါက်ကွဲခဲ့ရာ ပဒဲကောကျေးရွာသား တဦး၏ ညာဘက်ပခုံးတဖက်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
ထို့ပြင် ၂၀၂၄ ခုနှစ်၊ဩဂုတ်လ ၂၆ ရက်နေ့ တွင်လည်း စစ်ကောင်စီမှ ဆောထိမြို့န ယ်ထီးဝါးထာကျေးရွာအတွင်းသို့လေကြောင်းဖြင့် ၄ ကြိမ်လာရောက်ပစ်ခတ်ခဲ့ကြောင်း ကေအဲန်ယူ-ဗဟို မှထုတ်ပြန်သည်။
Comments
Post a Comment