မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် သြဂုတ်လ ၂၆ ရက်နေ့၌ စစ်ကောင်စီ (အမတ-၃၁၄)နှင့် (ခလရ-၈)တပ်ရင်းမှ လက်နက်ကြီး (၉)လုံး ပစ်ခတ်မှုကြောင့် ကလေး (၂) ဦး၊ အရပ်သား (၁) ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ကေအဲန်ယူ−ဗဟိုမှထုတ်ပြန်သည်။
စစ်ကောင်စီတပ်၏ လက်နက်ကြီး များသည် ဒေါင်းရွာ၌ လက်နက်ကြီး (၃)လုံး ကျရောက်ပေါက်ကွဲပြီး ဒေါင်းရွာနေ ဦးသန်းလွင် (၄၂) နှစ် နှင့် မောင်သန်းမြင့် (၁၄) နှစ်တို့ နှစ်ဦး လက်နက်ကြီးကျည်စ ထိမှန် ဒဏ်ရာရရှိခဲ့ကာ ဒေါင်းရွာရှိ နွားတစ်ကောင်နှင့် နေအိမ် (၄) လုံး ထိခိုက် ခဲ့ကြောင်း သိရသည်။
ထို့အပြင် တောင်ကလေးရွာအတွင်း၌လည်း လက်နက်ကြီး (၁)လုံး ကျရောက်ပေါက်ကွဲပြီး တောင်ကလေးရွာနေ စောဝင်းကိုကို (၅) နှစ်မှာ လက်နက်ကြီး ထိမှန် ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၂) လုံး ထိခိုက်ပျက်စီးခဲ့ကြောင်းသိရသည်။
ဓါတ်ပုံ − စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီး ရမှုများ။
Comments
Post a Comment