Skip to main content

Latest News

အိုးဘိုထောင်တွင် ငလျင်ကြောင့် ၄ ဦးသေဆုံး ဒဏ်ရာရရှိသူများအား ဆေးကုသခွင့် ကန့်သတ်

 မန္တလေးမြို့ရှိ အိုးဘိုထောင်တွင် မတ်လ ၂၈ ရက်နေ့က ငလျင်ဒဏ်ကြောင့် ၄ ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာ ပြင်းထန်သူများအား ဆေးကုသခွင့် ကန့်သတ်ခြင်းခံနေရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)မှထုတ်ပြန်သည်။  ငလျင်ကြောင့် အိုးဘိုထောင်ရှိ အမျိုးသမီးအဆောင်များဖြစ်သည့် အဆောင်(၁)/(၂)နှင့် အမျိုးသမီးဆေးရုံဆောင်များပြိုကျပျက်စီးခဲ့ပြီး အမျိုးသားအဆောင်အလုပ်ရုံအပါအဝင် အဆောင်များနှင့် ကာရံထားသည့် အုတ်ရိုးများပြိုကျခဲ့သည်။ ထို့ပြင်ငလျင်ကြောင့်  စိုးရိမ်ရသူ(၉)ဦးရှိပြီး ဆေးရုံတက်ရန်လိုအပ်သူ(၄ဝ)ကျော်ရှိသည်။  အချို့ထိခိုက်ဒဏ်ရာများသည် အကျဉ်းထောင်များတွင် ကုသရန်မလွယ်ကူ၍ ပြင်ပဆေးရုံသို့ ပို့ဆောင်ရန် လိုအပ်လျှက်ရှိသော်လည်း ကုသခွင့်မရပဲ ယနေ့အချိန်ထိ ကန့်သတ်ခံထားရကြောင်း PPNMမှထုတ်ပြန်သည်။  ထို့အပြင် ထိခိုက်ဒဏ်ရာရရှိသူများမှာ မိသားစုဝင်များနှင့် ဆက်သွယ်တွေ့ဆုံခွင့်မရသည့် အခြေအနေများလည်း ရင်ဆိုင်ကြုံတွေ့နေရသည်။ အိုးဘိုထောင်တွင် ဆေးဝါးလိုအပ်ချက်များစွာရှိနေပြီး အရက်ပြန်၊ဂွမ်း၊အနာကျက်ဆေးရည်၊ပတ်တီး စသည့် ဆေးဝါးပစ္စည်းများလိုအပ်လျှက်ရှိကြောင်း  PPNMမှထုတ်ပြန်သည်...

လားရိူး ရှေ့မြောက်တိုင်း စစ်ဌာနချုပ် တပ်ရင်းတပ်ဖွဲများ ရွပ်ရွပ်ချွံချွံ အစွမ်းကုန် တိုက်ပွဲဝင်ခဲ့ကြဟု ဇော်မင်းထွန်းလိမ်ပြန်


 သြဂုတ် ၅ / Bagan News

ရှမ်းပြည်နယ် လားရိူးမြို့ရှိ ရှေ့မြောက်တိုင်း စစ်ဌာနချုပ် ရမခမှ တပ်ရင်းတပ်ဖွဲ့ဝင် ၄ဝဝဝ ကျော် အလံဖြူထောင် လက်နက်ချအလင်းဝင်ခဲ့သည့်ဟု ကိုးကန့်တပ် MNDAA နှင့်နီးစပ်သည့်သတင်းများတွင် သြဂုတ်လ (၄) ရက်နေ့၌ ဖော်ပြခဲ့ပြီး ရှေ့မြောက်တိုင်း စစ်ဌာနချုပ် ရမခ တပ်ရင်းတပ်ဖွဲ့ဝင်များ ရွပ်ရွပ်ချွံချွံ အစွမ်းကုန် တိုက်ပွဲဝင်ခဲ့ကြဟု စစ်ကောင်စီပြန်ကြားရေးခေါင်းဆောင် ဇော်မင်းထွန်းက ဝါဒဖြန့်မီဒီယာများမှတဆင့် ယနေ့နံနက်တွင် လိမ်လည်ပြောဆိုသည်။


ရှေ့မြောက်တိုင်း စစ်ဌာနချုပ် ရမခ မှ တိုင်းမှူးဟောင်း ဗိုလ်ချုပ် စိုးတင့်၊ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် သန့်ထင်စိုး၊ စကခ (၁) တပ်မမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေး တို့အား ကိုးကန့်တပ်မတော် MNDAA က အရှင် ဖမ်းဆီးရမိကြောင်း တရားခံ ဓာတ်ပုံများနှင့် အတူ ကိုးကန့်တပ် MNDAA မှထုတ်ပြန်ထားသည်။

လားရိူးမြို့ရှိ ရှေ့မြောက်တိုင်း စစ်ဌာနချုပ် ရမခမှ တပ်ရင်းတပ်ဖွဲ့ဝင် ၄ဝဝဝ ကျော် လက်နက်ချအလင်းဝင်ခဲ့သည့်ရုပ်သံဖိုင်များလည်း လူမှုကွန်ရက်တွင်တွေ့ရသည်။

“အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်းတပ်ဖွဲများအနေနဲ့ ရန်သူကို အစွမ်းကုန် ခုခံခဲ့ပါတယ်။ ရွပ်ရွပ်ချွံချွံ အစွမ်းကုန် တိုက်ပွဲဝင်ခဲ့ကြပါတယ်။ တိုင်းစစ်ဌာနချုပ်ရဲ့ တပ်ရင်း တပ်ဖွဲ ဌာနချုပ်တွေမှာ မိသားစုဝင် အမျိုးသမီး များ၊ ကလေးငယ်များ ၊ အရပ်သားများပါ ရှိနေတာဖြစ်လို ပစ်ခတ်တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ထိန်းသိမ်းဆောင်ရွက်ခဲ့ရတာရှိပါတယ်။ တချိုသော ရဲမေများဟာ စစ်သည်များနဲ့ တန်းတူ မဆုတ်တမ်း တိုက်ပွဲဝင်ခဲ့ပါတယ်။ ရဲမေများ မှီခိုသူ မိသားစုဝင်များလည်း သေဆုံးခဲ့ရပါတယ်။ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှအရာရှိကြီးများဟာ တိုက်ပွဲကို အနီးကပ် ကွပ်ကဲပြီး ကိုယ်တိုင် တိုက်ပွဲဝင်ခဲ့ကြပါတယ်။ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးများနှင့် ဩဂုတ်လ ၃ ရက်နေ့ ညနေပိုင်း ၆ နာရီခွဲအချိန်အထိ ဆက်သွယ်မှု ရရှိခဲ့ပြီး ယခုအချိန်အထိ ဆက်သွယ်မှု ပြတ်တောက်ခဲ့ပါတယ်။ အတည်ပြုဆဲ သတင်းများအရ အရာရှိကြီးတချိုကို ဖမ်းဆီးထားကြောင်း သိရှိရပါတယ်” ဟု စစ်ကောင်စီပြန်ကြားရေးခေါင်းဆောင် ဇော်မင်းထွန်းက ပြောဆိုသည်။

ရှမ်းပြည်နယ်၊ လားရှိုးမြို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကို MNDAA နှင့် ပူးပေါင်းတပ်များက သြဂုတ်လ (၃) ရက်နေ့တွင် အပြည့်အဝ သိမ်းပိုက်နိုင်ခဲ့ကြောင်း ကိုးကန့်တပ် MNDAA မှ တရားဝင်သတင်း ထုတ်ပြန်သည်။

မင်းအောင်လှိုင်ဦးဆောင်သည့် အာဏာသိမ်းတပ်သည် ဒဏ်ရာရစစ်သားများနှင့် ၎င်းတို့၏ မိသားစုဝင် ၄၇ဝ ကျော်ကို လားရှိုးတပ်မတော်ဆေးရုံ တွင် စွန့်ပစ်ထားခဲ့ကြောင်း ကိုးကန့်တပ် MNDAA မှရုပ်သံဖိုင်နှင့်ထုတ်ပြန်သည်။

ပြီးခဲ့သည့် ဩဂုတ်လ (၁) ရက်နေ့တွင် MNDAAတပ်ဖွဲ့ဝင်များက လားရှိုးမြို့၊ အရှေ့မြောက် တိုင်းစစ်ဌာနချုပ်အတွင်း၌ ကျန်ရစ်နေသောစစ်ကောင်စီတပ်သားများအား ဆက်လက်တိုက်ခိုက်ချေမှုန်းခဲ့ကြောင်းသိရသည်။

တိုက်ခိုက်နေစဉ် တိုင်းစစ်ဌာနချုပ်၏ တပ်မတော်ဆေးရုံတွင် စစ်ကောင်စီတပ်မှ ဒဏ်ရာရရှိသူ အများအပြားနှင့် ၎င်းတို့၏ မိသားစုဝင်များ စုစုပေါင်း လူပေါင်း ၄၇ဝ ကျော်ကို တပ်မတော်ဆေးရုံ တွင် စွန့်ပယ်ထားခဲ့သည်ကိုတွေ့ရှိခဲ့ကြောင်းသိရသည်။

စစ်ကောင်စီတပ်မှ စွန်ပယ်ခဲ့သူအားလုံးမှာ ပြင်းထန်စွာဒဏ်ရာရသူများဖြစ်ပြီး အများစုမှာ မသန်စွမ်းတဲ့အောက်ခြေကေဒါများဖြစ်ကြကြောင်း၊ ၎င်းတို့၏အထက်အရာရှိများနှင့် ရဲဘော် ရဲဘက်များက ယင်းတို့အား ရက်ရက်စက်စက်စွန့်ပယ်ခဲ့ပြီး ထွက်ခွါသွားတဲ့အချိန်မှာ မည်သို့ခံစားရမည်ကို တွေးကြည့်ရန် ခက်ခဲကြောင်း၊ လူသားချင်းစာနာထောက်ထားမှု နှင့် MNDAA၏ စစ်သုံ့ပန်းများအား ကောင်းမွန်စွာစောင့်ရှောက် ဆက်ဆံသောမူဝါဒအရ တိုက်ပွဲများပြင်းထန်နေသော်လည်း MNDAAတပ်ဖွဲ့ဝင်များက ဒဏ်ရာရရှိ သူများနှင့် ၎င်းတို့၏မိသားစုဝင်များကို လုံခြုံရာသို့လွှဲပြောင်းပေးခဲ့ကြောင်းထုတ်ပြန်သည်။

လားရှိုးမြို့တိုက်ပွဲမစတင်မီတွင် လားရှိုးမြို့ရှိ အာဏာသိမ်းတပ်၏အကြီးတန်းအရာရှိများက ၎င်းတို့၏ မိသားစုများကို ရွှေ့ပြောင်းရန် စီစဉ်နေပြီဖြစ်ကြောင်း၊ အချိန်မှီမပြောင်း‌‌ရွှေ့ရသေးသော မိသားစုဝင်များကို ရဟတ်ယာဉ်များဖြင့် လာ‌ရောက်ခေါ်ဆောင်သွားကြောင်း၊ အောက်ခြေကေဒါ များနှင့် ၎င်းတို့၏မိသားစုဝင်များသည် အရွှေ့အပြောင်းမပြုရဟု အမိန့်ထုတ်ပြန်ထားကြောင်း ဒဏ်ရာရသူထံများမှသိရှိသည်။

မင်းအောင်လှိုင်၏ အာဏာသိမ်းတပ်အတွင်း၌ အရာရှိများ၏ နိုင်ထက်စီးနင်းခြင်း၊ စွန့်ပယ်ခြင်း၊ စစ်မြေပြင်၌ ကိုယ်အားကိုယ်ကိုးပြီး ရှင်သန်နေရခြင်း စသည့်ဖြစ်ရပ်များကို နိုင်ငံတစ်ဝှမ်းတွင် မကြာခဏ မြင်တွေ့နိုင်ကြောင်း ကိုးကန့်တပ် MNDAA မှထုတ်ပြန်သည်။

Facebook


Comments

Popular posts from this blog

ရေလယ်ကျွန်းဒေသတွင် တိုက်ပွဲပြင်းထန်ပြီး MBT ဌာနချုပ် လက်လွှတ်လိုက်ရ

မကွေးတိုင်း၊ရေစကြိုမြို့နယ်၊ ချင်းတွင်းမြစ်အရှေ့ဘက် ရေလယ်ကျွန်းဒေသတွင် စစ်ကောင်စီတပ်နှင့် ၈ ရက်ကြာတိုက်ပွဲပြင်းထန်ပြီးနောက်  Myingyan Black Tiger (MBT)တပ်ဖွဲ့ဌာနချုပ်ကို လက်လွှတ်လိုက်ရသည်။ ဖေဖော်ဝါရီလ ၂၆ရက်နေ့မှ မတ်လ ၅ ရက်နေ့အထိ Myingyan Black Tiger (MBT)တပ်ဖွဲ့နှင့် စစ်ကောင်စီ ပူးပေါင်းတပ် အကြား ရေလယ်ကျွန်းဒေသတွင် တိုက်ပွဲများဖြစ်ပွားခဲ့သည်။ ယမန်နေ့ မတ်လ ၅ ရက်နေ့တွင် ဇရပ်နီကျေးရွာ၏ မြောက်ဘက်တွင် MBT တပ်ဖွဲ့နှ့င့် စစ်ကောင်စီတပ်တို့ နောက်ဆုံးအကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဌာနချုပ် တပ်စခန်းအား လက်လွှတ်လိုက်ရကြောင်း ဌင်းတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။  ဌင်းပြင် မတ်လ ၅ ရက်နေ့တွင် စစ်ကောင်စီတပ်မှ ဇရပ်နီကျေးရွာ၏ မြောက်ဘက်အားလေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့သည်။  ခဲယမ်းပျက်တောက်မှုနှင့် မဟာမိတ်တပ်များ စစ်ကူလာရန် လမ်းကြောင်းခက်ခဲမှုကြောင့် ဌာနချုပ်တပ်စခန်းအား လက်လွှတ်လိုက်ရကြောင်း MBTတပ်ဖွဲ့ကပြောသည်။  ၎င်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား (၁ဝ)ဦးထက်မနည်း သေဆုံးခဲ့ပြီး  ပြည်သူများ အန္တရယ်ကင်းစွာ ရှောင်တိမ်းရန် ခုခံကာကွယ်နိုင်ခဲ့ကြောင်း MBTတပ်ဖွဲ့ကထုတ်ပြန်သည်။  အင်အား...

စဉ့်ကူးမြို့နယ် သယံဇာတလုပ်ငန်းအချို့ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်အတွင်းရှိ သယံဇာတလုပ်ငန်းအချို့ရှိရာနေရာကို စစ်ကောင်စီက ဂျက်ဖိုက်တာများအသုံးပြုပြီး လေကြောင်းက ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ မတ်လ (၂၄)ရက်နေ့ ညတွင် စစ်ကောင်စီက စဉ့်ကူးမြို့နယ်အား ဂျက်ဖိုက်တာ(၅)စီးခန့် အသုံးပြုကာ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY_PDF ကထုတ်ပြန်သည်။  စဉ့်ကူးမြို့နယ်ရှိ မာလဲနတ်တောင်ဆည် ၊ ဇိုက်ချောင်းကျေးရွာ ၊ ထောက်ကြံ့ပင်ကျေးရွာ နှင့် ကံတောင်ကျေးရွာ တိုအား လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး ဒေသခံပြည်သူများ အလုပ်လုပ်ကိုင်ရာ သယံဇာတလုပ်ငန်းအချို့အား ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း MDY_PDF ကပြောသည်။  ဌင်း လေကြောင်းတိုက်ခိုက်မှုများကြောင့်  ကျား(၁) ဦး နှင့် မ(၁) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အဆောက်အဦးများစွာ ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံများမှသိရသည်။ လေကြောင်းတိုက်ခိုက်မှုတွင်  စစ်ကောင်စီ၏ မပေါက်ကွဲခဲ့သော လေယာဉ်ဗုံးအချို့ရှိခဲ့ပြီး    ရှင်းလင်းဖယ်ရှားခဲ့ ကြောင်း MDY_PDF က ထုတ်ပြန်သည်။  မန္တလေးတိုင်း စဉ့်ကူးမြို့နယ်အတွင်းရှိ စစ်ကောင်စီ စခန်းများအားလုံးနှင့်စဉ့်ကူးမြို့ကို MDY - P...

စစ်ကောင်စီတပ် လေကြောင်း တိုက်ခိုက်မှုကြောင့် မူးမြို့နယ် အရပ်သား ၃ ဦး သေဆုံး

ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်(လယ်ဒို)နှင့်နှင့် မူးမြို့နယ်အတွင်း တွင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှု ကြောင့် အရပ်သား ၃ ဦး ထိခိုက်သေဆုံးခဲ့ပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၈ လုံး ထိမှန်ပျက်စီးခဲ့ကြောင်း ကေအဲန်ယူ−ဗဟိုမှထုတ်ပြန်သည်။ ထုတ်ပြန်ချက်အရ မတ်လ ၆ ရက် နေ့ညနေတွင် စစ်ကောင်စီ တောင်ငူလေတပ်မှ ဂျက်ဖိုင်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့်  မူးမြို့နယ်၊ ကျောက်ကြီးပေါက်ကျေးရွာနေ အမျိုးသမီး၁ ဦးသေဆုံးခဲ့သည်။ ဌင်နေ့တွင် စစ်ကောင်စီတပ်မှ မကျည်းတောကျေးရွာအတွင်း ထပ်မံပစ်ခတ်ခဲ့ရာ ၎င်းကျေးရွာနေ အရပ်သား ၂ ဦးသေဆုံးခဲ့သည်။  လယ်ဒိုမြို့နယ် တရေးစီလော်(နရွဲပင်) ကျေးရွာအား မတ်လ ၆ ရက်နေ့တွင် စစ်ကောင်စီတပ် လေတပ်မှ လေကြောင်း တိုက်ခိုက်မှုကြောင့် နေအိမ်(၁)လုံးထိမှန်ပျက်စီးခဲ့သည်။ စစ်ကောင်စီတပ်သည်  မတ်လ ၄ ရက်နှင့် ၅ ရက်များတွင် ကရင်ပြည်နယ်၊ ကော့ကရိတ် မြို့နယ် အတွင်းရှိ အစွန်းကျေးရွာ ၊ ဘော့ဒိုင်းကျေးရွာများအား လေကြောင်း တိုက်ခိုက်မှုကြောင့်  စာသင်ကျောင်း ၁ ကျောင်း၊ နေအိမ် ၃ လုံး အပါအဝင် အရပ်သား ၄ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်။ ဓါတ်ပုံ − စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိ...