ရှမ်းပြည်နယ်၊ မိုးမိတ်မြို့နယ်ရှိ TNLA တပ်စခန်းအား စစ်ကောင်စီတပ်မှ လေကြောင်း အသုံးပြုကာ ပေါင် ၅ဝဝ ဗုံးဖြင့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယနေ့ ဇွန်လ ၉ ရက်နေ့၊ညနေ (၄:၃၀)အချိန်တွင် မိုးမိတ်မြိုနယ် ပန်တင်ရွာနှင့် မန်ပိန်းရွာအကြားရှိ တအာင်းတပ်မတော် (TNLA)တပ်စခန်းအား စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
မိုးမိတ်မြို့နယ်ရှိ TNLA တပ်စခန်းအား စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် (၃) ကြိမ်ပစ်ခတ်ခဲ့ပြီး ပေါင် ၅ဝဝ ဗုံးဖြင့် (၁) ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်။
စစ်ကောင်စီတပ်သည် ယနေ့ ညနေ (၅:ဝ၅)အချိန်တွင်လည်း ဂျက်ဖိုက်တာဖြင့် ပေါင် ၅ဝဝ (၁)လုံးအသုံးပြုကာ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ ဇွန်လ (၁) ရက်နေ့မှ (၉) ရက်နေ့အထိ စစ်ကောင်စီတပ်မှ TNLA ရှိရာသို့ လက်နက်ကြီးဖြင့် (၁ဝ) ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့ကြောင်းသိရသည်။
စစ်ကောင်စီတပ်သည် မိုးကုတ်၊ မိုးမိတ်ရှိ တအာင်းတပ်မတော် TNLA တပ်စခန်းများအား ဦးတည်ကာ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးဖြင့် ပတ်ခတ်ခြင်း၊ လေကြောင်းအသုံးပြုကာ အင်အားပြင်းလက်နက်ဖြစ်သည့် ပေါင် ၅ဝဝ ဗုံး အသုံးပြုကာ ဗုံးကြဲတိုက်ခိုက်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း TNLAမှထုတ်ပြန်သည်။
#Bagannews #TNLA #မိုးမိတ်
www.bagannews.com
Comments
Post a Comment