မန္တလေးမြို့ရှိ အိုးဘိုထောင်တွင် မတ်လ ၂၈ ရက်နေ့က ငလျင်ဒဏ်ကြောင့် ၄ ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာ ပြင်းထန်သူများအား ဆေးကုသခွင့် ကန့်သတ်ခြင်းခံနေရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)မှထုတ်ပြန်သည်။ ငလျင်ကြောင့် အိုးဘိုထောင်ရှိ အမျိုးသမီးအဆောင်များဖြစ်သည့် အဆောင်(၁)/(၂)နှင့် အမျိုးသမီးဆေးရုံဆောင်များပြိုကျပျက်စီးခဲ့ပြီး အမျိုးသားအဆောင်အလုပ်ရုံအပါအဝင် အဆောင်များနှင့် ကာရံထားသည့် အုတ်ရိုးများပြိုကျခဲ့သည်။ ထို့ပြင်ငလျင်ကြောင့် စိုးရိမ်ရသူ(၉)ဦးရှိပြီး ဆေးရုံတက်ရန်လိုအပ်သူ(၄ဝ)ကျော်ရှိသည်။ အချို့ထိခိုက်ဒဏ်ရာများသည် အကျဉ်းထောင်များတွင် ကုသရန်မလွယ်ကူ၍ ပြင်ပဆေးရုံသို့ ပို့ဆောင်ရန် လိုအပ်လျှက်ရှိသော်လည်း ကုသခွင့်မရပဲ ယနေ့အချိန်ထိ ကန့်သတ်ခံထားရကြောင်း PPNMမှထုတ်ပြန်သည်။ ထို့အပြင် ထိခိုက်ဒဏ်ရာရရှိသူများမှာ မိသားစုဝင်များနှင့် ဆက်သွယ်တွေ့ဆုံခွင့်မရသည့် အခြေအနေများလည်း ရင်ဆိုင်ကြုံတွေ့နေရသည်။ အိုးဘိုထောင်တွင် ဆေးဝါးလိုအပ်ချက်များစွာရှိနေပြီး အရက်ပြန်၊ဂွမ်း၊အနာကျက်ဆေးရည်၊ပတ်တီး စသည့် ဆေးဝါးပစ္စည်းများလိုအပ်လျှက်ရှိကြောင်း PPNMမှထုတ်ပြန်သည်...
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA ) တပ်ဖွဲ့ တည်ထောင်ခြင်း ၁၇ နှစ်ပြည့် အခမ်းအနားကို ဇွန်လ ၁ဝ ရက်နေ့တွင် တပ်ဖွဲ့အသီးသီးမှ မြေပြင်အသီးသီးတွင် အကျဉ်းချုပ် ကျင်းပခဲ့ကြသည်။
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) ကို ၂ဝဝ၇ ခုနှစ် ဇွန်လ ၁ဝရက်နေ့တွင် စတင်တည်ထောင်ခဲ့ရာ ဇွန်လ ၁ဝ ရက်နေ့ ၂၀၂၄ ခုနှစ်၌ ၁၇ နှစ်ပြည့်ပြီဖြစ်ကြောင်း PNLA မှထုတ်ပြန်သည်။
တပ်ဖွဲ့တည်ထောင်ခြင်း (၁၇ )နှစ်ပြည့်အခမ်းအနားတွင် ပအိုဝ်းအမျိုးသားအလံတော် ၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်အလံတော် ၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်အလံတော်များအား အလေးပြုခြင်း တပ်ဖွဲ့တာဝန်ရှိသူများက ခွန်အားပေးစကားပြောကြားခြင်း စသည့်အစီအစဉ်များဖြင့် ပြုလုပ်ခဲ့သည်။
ထို့အပြင် တော်လှန်ရေးကာလအတွင်း ကျဆုံးလေပြီးသည့် သူရဲကောင်းအာဇာနည်များကိုလည်း အလေးအနက်ထားပြီး ဂုဏ်ပြု ချီးမွမ်း အလေးပြုခဲ့ကြသည်။
#Bagannews
#PNLA
#ပအိုဝ်း
Comments
Post a Comment