ဇွန် ၈ / Bagan News
ကေအဲန်ယူ - ဒူးပလာယာခရိုင် K.N.L.A - တပ်မဟာ (၆) ထံသို့ မော့ကနင် အခြေစိုက် စကခ(၁၉) လက်အောက်ခံ ခလရ(၁၀၆) မှ အသက် (၃၅) နှစ်ရှိ ပြန်တမ်းဝင် အမှတ် ကြည်း(၅၅၆၀၉) တပ်ထောက်ဗိုလ်ကြီး ကျော်မြင့်လွင်သည် ဇွန်လ (၇) ရက်နေ့တွင် MA-3 (၁)လက် ကျည်ဘောက် (၃)ဘောက် ကျည် (၁၃၀)တောင့်၊ MA-5 (၁)လက် ကျည်ဘောက် (၁)ဘောက် ကျည် (၁၁) တောင့် နှင့် အီနာဂါ ဗုံးသီး (၄) လုံး စသည့်လက်နက်ခဲယမ်းနှင့်အတူ လာရောက်ပူးပေါင်းခဲ့ကြောင်း ကေအဲန်ယူမှထုတ်ပြန်သည်။
လက်နက်ခဲယမ်းများနှင့်အတူ လာရောက် ပူးပေါင်း လာသော စစ်ကောင်စီတပ်မှ တပ်ထောက်ဗိုလ်ကြီး ကျော်မြင့်လွင်အား K.N.L.A - တပ်မဟာ (၆) မှ ထောက်ပံ့ငွေအဖြင့် မြန်မာငွေ (၇,၀၀၀,၀၀၀) သိန်းခုနှစ်ဆယ် ကျပ် တိတိ ကူညီ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ။ ဒူးပလာယာခရိုင်၊ တပ်မဟာ (၆) ထိန်းချုပ်နယ်မြေအတွင်း နေရာအနံ့တိုက်ပွဲများ နေ့စဉ်နှင့်အမျှဖြစ်ပွားလျှက်ရှိနေပြီး စစ်ကောင်စီတပ်စခန်းအများအပြားကိုလည်း K.N.L.A ဦးဆောင်သော တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များတို့မှ ပူးပေါင်း တိုက်ခိုက်သိမ်းပိုက်လျှက်ရှိသည်။
ကေအဲန်ယူ - ဒူးပလာယာခရိုင်၊ တပ်မဟာ (၆) ထိန်းချုပ်နယ်မြေတွင် ရောက်ရှိနေသော စစ်ကောင်စီတပ်များသည် တပ်မ အလိုက် ဖွဲ့စည်းပုံအရ ပျက်ပြားသွားခဲ့ပြီး လူအင်အား လက်နက်အင်အားများ လျှော့နည်းလာသည့် အပြင် စိတ်ဓာတ်ရေးရာအရ ကျဆင်းလာသည့်အတွက် အထက်အမိန့်အား ဖီဆန်၍ ကေအဲန်ယူ−ရင်အမျိုးသားအစည်းအရုံး၊ K.N.L.A - တပ်မဟာ (၆) ထံသို့ အများအပြား လာရောက်ပူးပေါင်းခြင်းများ ရှိနေကြောင်းသိရသည်။
စစ်ကောင်စီ လက်အောက်ခံတပ်မှ မည့်သည့် စစ်သားမဆို မတရားဖိနှိပ်အုပ်ချုပ်နေသော မိမိတို့၏တပ်အား စွန့်ခွါကာ လာရောက်ပူးပေါင်းကြရန် ကေအဲန်ယူမှထုတ်ပြန်သည်။
ဓာတ်ပုံ - ကေအဲန်ယူ ထံသို့ လက်နက်ခဲယမ်းနှင့်အတူ လာရောက် ပူးပေါင်းလာသော တပ်ထောက်ဗိုလ်ကြီး တဦး နှင့် K.N.L.A မှ အရာရှိ တစ်ဦး။
Website
www.bagannews.com
Telegram
https://t.me/bagannews
YouTube
https://www.youtube.com/@BaganNews/videos
Blog
https://bagan24news.blogspot.com/
Comments
Post a Comment