တနင်္သာရီတိုင်း ၊ ထားဝယ်ခရိုင် ၊ ရေဖြူမြို့နယ် ရာဖူးကျေးရွာရှိ စစ်တပ်၏ ယာယီစခန်းကိုဗျူဟာ (၃၃) ပူပေါင်းတပ်ဖွဲ့များမှ ဇွန်လ (၁၁)ရက်နေ့၊ နေ့လည် (၁:၅၀) အချိန်၌ Drone ဖြင့် တိုက်ခိုက်ခဲ့ကြသည်။
၎င်းတိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်မှ စစ်ကြောင်းမှူး(စိုးရိမ်ရ)နှင့်ရဲဘော်သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
၎င်းတိုက်ခိုက်မှုအား ပြည်သူကာကွယ်ရေးတပ်မတော်(PDF) ဒေါနစစ်ကြောင်း၊ မွန်ပြည်ကာကွယ်ရေးတပ် ( MSRF ) ၊ K.T.L.A ၊ မွန်ပြည်သစ်ပါတီ ( AD ) ၊ အထူးဒရုန်းတပ်ဖွဲ့ ( SawDragon Drone Force ) ၊ ရေးဒရုန်းတပ်ဖွဲ့ ( Y.A.F ) ၊ထားဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (D.N.L.A )တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ စစ်ရုံးချုပ်မှ ထုတ်ပြန်သည်။
ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များသည် ဇွန်လ (၁၃)ရက်နေ့တွင်လည်း အရပ်သားပြည်သူများကိုဖမ်းဆီးခြင်း၊ ကျေးရွာအတွင်းရှိ နေအိမ်များဖောက်ထွင်းခိုးယူခြင်းများ ပြုလုပ်နေသော စစ်တပ်ရှိရာ အလယ်စခန်းကျေးရွာသို့ နယ်မြေရှင်းလင်းမှုပြုလုပ်ခဲ့ပြီး အမှတ် (၈) လမ်းမကြီးပေါ် သွားလာဖြတ်သန်းနေသောကားများအား စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်းသိရသည်။
#Bagannews #ထားဝယ် #ရေဖြူ
Comments
Post a Comment