မန္တလေးမြို့ရှိ အိုးဘိုထောင်တွင် မတ်လ ၂၈ ရက်နေ့က ငလျင်ဒဏ်ကြောင့် ၄ ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာ ပြင်းထန်သူများအား ဆေးကုသခွင့် ကန့်သတ်ခြင်းခံနေရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)မှထုတ်ပြန်သည်။ ငလျင်ကြောင့် အိုးဘိုထောင်ရှိ အမျိုးသမီးအဆောင်များဖြစ်သည့် အဆောင်(၁)/(၂)နှင့် အမျိုးသမီးဆေးရုံဆောင်များပြိုကျပျက်စီးခဲ့ပြီး အမျိုးသားအဆောင်အလုပ်ရုံအပါအဝင် အဆောင်များနှင့် ကာရံထားသည့် အုတ်ရိုးများပြိုကျခဲ့သည်။ ထို့ပြင်ငလျင်ကြောင့် စိုးရိမ်ရသူ(၉)ဦးရှိပြီး ဆေးရုံတက်ရန်လိုအပ်သူ(၄ဝ)ကျော်ရှိသည်။ အချို့ထိခိုက်ဒဏ်ရာများသည် အကျဉ်းထောင်များတွင် ကုသရန်မလွယ်ကူ၍ ပြင်ပဆေးရုံသို့ ပို့ဆောင်ရန် လိုအပ်လျှက်ရှိသော်လည်း ကုသခွင့်မရပဲ ယနေ့အချိန်ထိ ကန့်သတ်ခံထားရကြောင်း PPNMမှထုတ်ပြန်သည်။ ထို့အပြင် ထိခိုက်ဒဏ်ရာရရှိသူများမှာ မိသားစုဝင်များနှင့် ဆက်သွယ်တွေ့ဆုံခွင့်မရသည့် အခြေအနေများလည်း ရင်ဆိုင်ကြုံတွေ့နေရသည်။ အိုးဘိုထောင်တွင် ဆေးဝါးလိုအပ်ချက်များစွာရှိနေပြီး အရက်ပြန်၊ဂွမ်း၊အနာကျက်ဆေးရည်၊ပတ်တီး စသည့် ဆေးဝါးပစ္စည်းများလိုအပ်လျှက်ရှိကြောင်း PPNMမှထုတ်ပြန်သည်...
ဇွန် ၈ / Bagan News (Photo News)
ရန်ကုန်မြို့တွင် ယနေ့၌ စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ စစ်အာဏာရှင်ဆန့်ကျင်မှုပြုလုပ်ခဲ့ကြသည်။
"ငါတို့ဘာလုပ်ကြမလဲ"စာသားပါပိုစတာများနှင့် "မတရားစစ်မှုထမ်းဥပဒေကိုဆန့်ကျင်ကြ"စာသားပါဘန်နာများ၊လက်ကမ်းစာစောင်များကိုရန်ကုန်မြို့နေရာအနှံ့တွင် ရွှေပြည်သာမြို့နယ်သပိတ်ကော်မတီ(SPTSC)၊မျိုးဆက်လူငယ်သပိတ်ကော်မတီ(NGYSC)နှင့်မင်္ဂလာတောင်ညွန့်မြို့နယ်လုံးဆိုင်ရာအထွေထွေသပိတ်ကော်မတီ(MTGSC)တို့မှပူးပေါင်း၍ စစ်အာဏာရှင်စနစ်ဆန့်ကျင်မှုများပြုလုပ်ခဲ့ခြင်းဖြစ်သည်။
![]() |
#Bagannews
www.bagannews.com
Comments
Post a Comment