ဇွန် ၈ / Bagan News
ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်နှင့် မိုးမိတ်မြို့ရှိ စစ်ကောင်စီတပ်မှ အရပ်သားပြည်သူရှိရာ ကျေးရွာများအား လက်နက်ကြီးဖြင့် နေ့စဉ်ရက်ဆက် ပစ်ခတ်ခဲ့ကြောင်း တအာင်းတပ်မတော် TNLA မှသိရသည်။
ပြီးခဲ့သည့် ဇွန်လ(၅)ရက်နေ့၊ နံနက်(၈)အချိန်တွင် နောင်ချိုမြို့နယ်ရှိ စစ်ကောင်စီတပ်မှ ပန်ဗွေကျေးရွာမှ နေ၍ သုံးဆယ်ကျေးရွာသို့လက်နက်ကြီး(၄)ကြိမ် ထပ်မံပစ်ခတ်မှုကြောင့် ဒေသခံနေအိမ်တစ်လုံး ထိမှန်ပျက်စီးခဲ့ကြောင်း၊ ဇွန်လ(၄)ရက်နေ့တွင် နောင်ချိုမြို့နယ်ရှိ စစ်ကောင်စီတပ်မှ အုမ္မတီးလမ်းခွဲမှ နေ၍ အရပ်သားပြည်သူရှိရာ သုံးဆယ်ကျေးရွာသို့ လက်နက်ကြီး (၄)ကြိမ် ပစ်ခတ်ခဲ့ကြောင်း၊ ထို့အပြင် မိုးမိတ်မြို့နယ်ရှိ စစ်ကောင်စီတပ် ဗျူဟာကုန်းမှနေ၍ အရပ်သားပြည်သူရှိရာ မန်ဖွယ်ကျေးရွာသို့ လက်နက်ကြီး(၂)ကြိမ် ထပ်မံပစ်ခတ်ခဲ့ကြောင်းသိရသည်။
စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် နေ့စဉ်ရက်ဆက် ပစ်ခတ်မှုကြောင့် ကျေးရွာနေ ဒေသခံပြည်သူများဘေးလွှတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။
တအာင်းတပ်မတော် TNLA တည်ရှိရာ မိုးမိတ်၊ မိုးကုတ်၊ ကျောက်မဲနှင့် နောင်ချိုမြို့ရှိ ကျေးရွာများတွင် စစ်ကောင်စီတပ်မှ ဇွန်လ(၁)ရက်နေ့မှ ဇွန်လ (၆) ရက်နေ့အထိလက်နက်ကြီးဖြင့် စုစုပေါင်း အကြိမ် ၂ဝ ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။
#Bagannews
#နောင်ချို
#မိုးမိတ်
Comments
Post a Comment