ရခိုင်ပြည်နယ်၊ သံတွဲမြို့ ဆင်ခေါင်းကျေးရွာအား ဇွန်လ (၄) ရက်နေ့တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်း၊ ဒရုန်း၊ လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၁၄ ဦးသေဆုံးခဲ့ကြောင်း အာရက္ခတပ်တော် AA မှထုတ်ပြန်သည်။
ဇွန်လ ၁ဝ ရက်နေ့ အထိ ဆင်ခေါင်းကျေးရွာတွင် စာရင်းကောက်ယူမူအရ အရပ်သားပြည်သူ ၁၄ ဦးသေဆုံးခဲ့ပြီး အတည်မပြုနိုင်သော သေဆုံးသူများရှိနိုင်ကြောင်းထုတ်ပြန်ချက်ကဆိုသည်။
ဌင်းပြင် စစ်ကောင်စီတပ်မှ ဆင်ခေါင်းကျေးရွာအား လက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်း၊ ဒရုန်း၊ လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၂၄ ဦးကျော် ထိခိုက်ဒဏ်ရာရခဲ့ပြီး ကျေးရွာရှိ နေအိမ် ၆ဝ မှာလုံးဝပျက်စီးခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်နှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) တပ်ဖွဲ့ဝင်အချို့၊ စစ်ကောင်စီ၏ အကြမ်းဖက် သင်တန်းဆင်း မူဆလင်တပ်ဖွဲ့ဝင်များသည် မေလ (၂၉) ရက်နေ့ကလည်း စစ်တွေမြို၊ ဗျိုင်းဖြူကျေးရွာမှ ထောင်ချီသောရွာသူရွာသားများ ဖမ်းဆီးပြီး ၇၆ ဦးကို မတရားဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း အာရက္ခတပ်တော် AA မှထုတ်ပြန်ခဲ့သည်။
-Bagan News
www.bagannews.com
Comments
Post a Comment