မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ရဟန်း၊သံဃာတော်များမှ ယနေ့ ဇွန်လ(၂၇)ရက်၊မနက်(၈)နာရီ ဝန်းကျင်၌ ပတ္တနိက္ကုဇ္ဇန ကံဆောင်မှုနှင့် မေတ္တာသုတ်ရွတ်ဖတ် ချီတက် ခဲ့ကြကြောင်းသိရသည်။
ပတ္တနိက္ကုဇ္ဇန ကံဆောင်ခြင်း ဆိုသည်မှာ သံဃာထုမှ စစ်အာဏာရှင်ကိုအဆက်အဆံမပြုရန် တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်ချက် ချခြင်းဖြစ်သည်။
စစ်ကောင်စီတပ်သည် ဇွန် ၁၉ ရက်တွင် ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ စီးနင်းလိုက်ပါလာသည့်ကားအား မန္တလေးတိုင်း ငါန်းဇွန်မြို့နယ်၌ ပစ်ခတ်ခဲ့ပြီး ဆရာတော် ပျံလွန်တော်မှုခဲ့သည်။
အလားတူ စစ်ကောင်စီတပ်သည် ဇွန် ၂၂ ရက်တွင်လည်း မြင်းခြံမြို့၊ ဆခမကျေးရွာက ဆရာတော် ဦးဥတ္တမကို ထပ်မံသတ်ဖြတ်ခဲ့သည်။
ထို့သို့ ရဟန်း၊သံဃာတော်များများအား စစ်ကောင်စီတပ်မှ သတ်ဖြတ်နေသည့် အတွက် သံဃာတော်များမှ ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်စတင် ပြုလုပ်နေခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဇွန်လ ၂၃ရက်နေ့မှစတင်ကာ ချောင်းဦးမြို့နယ်ရှိ သံဃာတော်များမှ ပတ္တနိက္ကုဇ္ဇန ကံဆောင် သပိတ်မှောက်မှုအားစတင်ပြုလုပ်ခဲ့ပြီး ၂၄ ရက်နေ့တွင် ဒီပဲယင်းမြို့နယ်ရှိ သံဃာတော်များ၊၂၅ ရက်နေ့တွင် တန့်ဆည်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်တွင် သံဃာတော်များမှ ပြုလုပ်ခဲ့ကြကြောင်းသိရသည်။
Video - CJ
#Bagannews
#ပတ္တနိက္ကုဇ္ဇနကံဆောင်
Comments
Post a Comment