ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ယမန်နေ့ညမှစကာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးနေကြောင်းဒေသခံအချို့မှသိရသည်။
မြဝတီ-ဝေါလေ လမ်းပိုင်းရှိ မဲ့ထော်သလေးကျေးရွာထိပ် (အများအခေါ် မီးလောင်ချောင်းတံတား) ချည်းကပ်မြေသားကျောက်ခင်း သည် ချောင်းရေ ထိုးဆင်း မှုကြောင့် ပျက်စီးနေပြီး ဖြတ်သန်းရန် အခက်အခဲဖြစ်နေကြောင်း ဒေသခံတဦးကပြောသည်။
ထိုင်း-မြန်မာနယ်စပ်ရှိ သောင်ရင်းမြစ်ရေသည် ယနေ့ ဇွန်လ (၉)ရက်နံနက်တွင် မြဝတီမြို့၏ စိုးရိမ်ရေမှတ် အောက် (၂) ပေကျော်တွင်ရောက်ရှိနေပြီး ယနေ့ ညနေ (၅) နာရီအတွင်း စိုးရိမ်ရေမှတ်သို့ရောက်ရှိနိုင်ကြောင်း မိုးဇလဌာနကထုတ်ပြန်သည်။
ပြီးခဲ့သည့် ၂ဝ၂၃ ခုနှစ် သြဂုတ်လ (၅) ရက်နေ့ကလည်း ကရင်ပြည်နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဒေါနတောင်ကျရေ သောင်ရင်းမြစ်ထဲ ဒလဟော စီးဆင်းကာ ထိုင်းမြန်မာနယ်စပ်ကျေးရွာများနှင့်မြဝတီမြို့ပေါ်ရပ်ကွက်များ ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သည်။
Photo - CJ /FB
#Bagannews
#မြဝတီ
#ရေကြီး
www.bagannews.com
Comments
Post a Comment