ယခုတစ်ပတ်အတွင်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တစ်ခုလုံးတွင် အနောက်တောင်မုတ်သုံလေ အင်အားဆက်လက် အားကောင်းနိုင်ပြီး ရခိုင်ကမ်းရိုးတန်း၊ မြစ်ဝကျွန်းပေါ်နှင့် မွန်/တနင်္သာရီဒေသများတွင် မိုးပိုနိုင်ကြောင်း NUG ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ယနေ့ထုတ်ပြန်သည်။
အဆိုပါမုတ်သုံလေ အားကောင်းလာမှုက ဇွန်လ ၁၂ ရက်မှ ၁၆ ရက် အတွင်း မြန်မာနိုင်ငံတဝှမ်း မုတ်သုံမိုး ပိုမိုရွာလာစေမည်ဖြစ်ပြီး အထူးသဖြင့် ရခိုင်ကမ်းရိုးတန်း၊ မြစ်ဝကျွန်းပေါ်ဒေသများနှင့် မွန်/တနင်္သာရီဒေသများတွင် မုတ်သုံမိုးဆက်လက် သည်းထန်စေနိုင်သည်ကို သတိပြုရန်နှင့် ရေကြီးရေလျှံ၊ မြေပြိုဘေးဒဏ် ကျရောက်မှု ဖြစ်လာပါက ဘေးဒဏ်ထိခိုက်မှု လျော့ပါးရေးကို အထူးအလေးထားစေလိုကြောင်း NUG ကထုတ်ပြန်သည်။
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကလည်း ဇွန်လ ၁ဝ ရက်မှ နောက်(၂)ရက်အတွင်း ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ် နှင့် မွန်ပြည်နယ်တို့တွင် မိုးပိုနေမည်ဟု ထုတ်ပြန်သည်။
ပုံ - မြဝတီမြို့တွင် ဇွန်လ (၉) ရက်က မိုးသည်ထန်ပြီးရေကြီးခဲ့စဉ်။ (Photo - CJ)
www.bagannews.com
Comments
Post a Comment