ဇွန် ၈ / Bagan News /
စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင်နှင့် မော်လိုက်ခရိုင်များတွင် မေလ (၂၃) ရက်နေ့မှ စတင်ပြုလုပ်သည့် စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်သား ၁ဝဝ ခန့် သေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှထုတ်ပြန်သည်။
![]() |
(စစ်ကောင်စီတပ်ထံမှသိမ်းဆည်းရမိသည့် လက်နက်ပစ္စည်းအချို့) |
ဌင်းတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၁ဝဝ ခန့် သေဆုံးခဲ့ကြောင်း၊ စစ်ကောင်စီတပ်သား ၃၂ ဦး၏ အလောင်းများရရှိခဲ့ပြီး လက်နက်ငယ် ၃၉ လက် သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။
ထို့ပြင်တိုက်ပွဲများအတွင်း စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ လွှစင်ကုန်းရွာ၊ ပုရစ်ရွာ၊ ဖာနိုင်းရွာ၊ မုက္ကလိရွာ၊ သာဂေါင်းငေါရွာ၊ မြင်သာ-ငိုးပင်းရွာ၊ ဇီးပင်သာရွာ၊ မယ်ဇလီရွာ၊ ရေလဲရွာနှင့် တီလောင်လမ်းဆုံနှင့် မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်၊ ရောင်းဟီးရွာ၊ အရှေ့ခမိုင်းရွာ၊ သက္ကယ်ကျင်းရွာ၊ ဆည်ချောင်းရွာ၊ ပုဂံတောင်၊ ဟာပါရွာ၊ ညောင်ကုန်းရွာ၊ ချောင်းခွရွာ၊ မယ်ဇလီရွာ၊ ခုံသာရွာ၊ နန်းပန်ရွာ၊ အင်းဝိုင်းရွာ၊ မော်လိုက်ကုန်းရွာ၊ ရွှေထီးကုန်းရွာ၊ ဆိတ်စားရွာအနီးရှိ စစ်ကောင်စီစခန်းများကို တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်းသိရသည်။
အမှတ် (၁) စစ်ဒေသကွပ်ကဲမှုဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ခန္တီးခရိုင် တပ်ရင်းများ၊ မော်လိုက်ခရိုင်တပ်ရင်းများ၊ အထူးလှုပ်ရှားတပ်ရင်းများ၊ ခရိုင်/မြို့နယ်/ကျေးရွာ ပကဖ နှင့် ဒေသခံ ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုများနှင့် တိုက်ခိုက် သိမ်းပိုက်ခဲ့ခြင်း ဖြစ်ပြီး တိုက်ပွဲများတွင် ပြည်သူ့တော်လှန်ရေး ရဲဘော် (၂၉) ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ စစ်ရုံးချုပ်က အသိပေးထုတ်ပြန်သည်။
Photo - MOD/NUG
(စစ်ကောင်စီတပ်ထံမှသိမ်းဆည်းရမိသည့် လက်နက်ပစ္စည်းအချို့)
www.bagannews.com
Comments
Post a Comment