Skip to main content

Posts

Latest News

ဒီပဲယင်းမြို့နယ်ကို စစ်တပ်ဗုံးကြဲ ပြည်သူ ၁၈ ယောက်သေဆုံး

စစ်ကိုင်းတိုင်း ရေဦးခရိုင် ဒီပဲယင်းမြို့နယ် မရကန်ကျေးရွာကို စစ်တပ်ကလေကြောင်းကဗုံးကြဲချခဲ့တာကြောင့် သေဆုံးသူ ၁၈ ယောက်ရှိလာတယ်လို့ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်ပါတယ်။  ဒီဇင်ဘာလ ၅ ရက်နေ့ည ၈ နာရီခန့်က စစ်တပ်က လေကြောင်းက ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။  စစ်တပ်လေကြောင်းတိုက်ခိုက်တာကြောင့် မရကန်ကျေးရွာက အသက် ၂၂ ကနေ ၇၇ နှစ်အရွယ်အထိအမျိုးသား ၁၅ ယောက်နဲ့ အမျိုးသမီး ၃ ယောက်သေဆုံးခဲ့တယ်လို့ထုတ်ပြန်ပါတယ်။  ကျေးရွာလက်ဖက်ရည်ဆိုင်ကို စစ်တပ်ကဗုံးကြဲခဲ့တာကြောင့် ဆီးဂိမ်းဘောလုံးပွဲ ကြည့်ရူနေကြတဲ့သူတွေ အများဆုံးသေဆုံးခဲ့ကြတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။  စစ်တပ်ဗုံးကြခဲ့တာကြောင့် မရကန်ကျေးရွာက နေအိမ်တွေပျက်စီးဆုံးရှုံးခဲ့ပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကာ အသက်အန္တရာယ်စိုးရိမ်ရသူတွလည်းရှိနေတယ်လို့ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကပြောပါတယ်။ စစ်တပ်က  ရည်ရွယ်ချက်ရှိရှိနဲ့ ပြည်သူတွေနေထိုင်ရာ ကျေးရွာတွေကို လေကြောင်းက ပစ်ခတ်တိုက်ခိုက်နေတာကြောင့် လေကြောင်းအန္တရာယ် အထူးဂရုစိုက် နေထိုင်ကြဖို့ အသိပေးထားပါတယ်။ ဒီဇင်ဘာလ ၅ ရက်နေ့ မနက်အစောပိုင်းကလည်း စစ်ကိုင်းတိုင်း ၊ ရ...
Recent posts

ပေါက်မြို့နယ်မှာ စစ်တပ်ကြောင့် ပြည်သူ ၁၆ ယောက်သေဆုံး

 မကွေးတိုင်း ပေါက်မြို့နယ်မှာ နိုဝင်ဘာလအတွင်း စစ်တပ်နဲ့ဒေသခံ ပျူစောထီးတွေရဲ့ လုပ်ရပ်တွေကြောင့် ပြည်သူ ၁၆ ယောက်သေဆုံးခဲ့တယ်လို့ ပေါက်မြို့ လူသားချင်းစာနာထောက်ထားရေးဌာနကထုတ်ပြန်ပါတယ်။  စစ်တပ်နဲ့ ပျူစောထီးတွေဟာ စစ်ကြောင်းထိုး ၊မီးရှို့ ၊ဖမ်းဆီး၊ လူသတ် အဓမ္မပြုကျင့်တာတွေအပြင် အများပြည်သူ အသွားအလာများတဲ့နေရာတွေနဲ့ ဗုံးခိုကျင်းနေရာတွေကို မိုင်းထောင်ခဲ့တယ်လို့သိရပါတယ်။  ဒါ့အပြင် လေကြောင်းကနေ လက်နက်ကြီးနဲ့ ဗုံးကြဲ တိုက်ခိုက်တာတွေကြောင့် ပြည်သူအများအပြား သေဆုံး ထိခိုက်ခဲ့တယ်လို့ ပေါက်မြို့ လူသားချင်းစာနာဌာနကထုတ်ပြန်ပါတယ်။  ပေါက်မြို့နယ်မှာ နိုဝင်ဘာလအတွင်း အဓမ္မပြုကျင့် ဖမ်းဆီသတ်ဖြတ်ခံရတာကြောင့် ပြည်သူ ၁၆ ယောက်သေဆုံးခဲ့ပြီး ၁၉ ယောက်ထိခိုက်ခဲ့ပါတယ်။ စစ်တပ်ရဲ့ဖမ်းဆီးခံရတဲ့သူ ၃၆ ယောက်ရှိပြီး ၂၁ ယောက်ပြန်လွှတ်ခဲ့သလို ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့သူ ၅ ယောက်ရှိတယ်လို့ သိရပါတယ်။  စစ်တပ်ရဲ့ မီးရှို့ခံရတဲ့ ကျေးရွာ ၁၀ ရွာရှိပြီး အိမ်ခြေ ၈၅ လုံးနဲ့ တဲအိမ် ၃၀ ဆုံးရှုံး ခဲ့တယ်လို့ ပေါက်မြို့ လူသားချင်းစာနာဌာနကထုတ်ပြန်ပါတယ်။  ဓာတ်ပုံ - ပေါက်မြို့နယ် ၊ ကျောက်မဲတောင်ကျေးရွာကို နိုဝင်ဘာ...

တပ်မ ၃၃ လက်အောက် စစ်ကြောင်းပြုတ်အောင် PDF တပ်တွေတိုက်

 စစ်ကိုင်းတိုင်း ၊ ကန့်ဘလူခရိုင်၊ ရွှေဘိုခရိုင်တွေမှာ စစ်ကြောင်းထိုးနေတဲ့ တပ်မ ၃၃ လက်အောက် စစ်တပ် စစ်ကြောင်းကို ဒီကနေ့မှာ  တော်လှန်ရေးပူးပေါင်းတပ်တွေက စစ်ကြောင်းပြုတ်အောင်တိုက်ခိုက်ခိုက်ခဲ့ပြီး စစ်သုံ့ပန်းနဲ့လက်နက်ခဲယမ်းတွေသိမ်းဆည်း ရရှိခဲ့တယ်လို့ တော်လှန်ရေးတပ်တွေကထုတ်ပြန်ပါတယ်။  Photo -  ဓူဝံ ပြည်သူ့ကာကွယ်ရေးအဖွဲ့- ရေဦး ဒီကနေ့ နိုဝင်ဘာ ၁၂ ရက် မနက် ၉ နာရီ ဝန်းကျင်မှာ ကန့်ဘလူမြို့နယ် ဝက်တိုးရွာ စခန်းကနေ ခင်ဦးမြို့နယ်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကြောင်းကို တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ တိုက်ပွဲအတွင်း စစ်တပ်ဘက်က ၅၀ ထက်မနည်းသေဆုံးခဲ့ပြီး စစ်သုံ့ပန်း ၁၅ ဦးဖမ်းမိခဲ့တယ်လို့ စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။  စစ်တပ် စစ်ကြောင်းကို စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ကန့်ဘလူခရိုင်ပကဖ အထူးလှုပ်ရှားတပ်ရင်း၊ရေဦးမြို့နယ်ပကဖ ဓူဝံအဖွဲ့၊ရွှေဘိုခရိုင်အမှတ်(၃)တပ်ရင်း(ခင်ဦး)၊အမှတ်(၂၅)တပ်ရင်း(တန့်ဆည်) နဲ့ တော်လှန်ရေးအင်အားစုတွေက ကြားဖျတ်တိုက်ခိုက်ခဲ့တယ်လို့ထုတ်ပြန်ပါတယ်။ - BAGAN NEWS