Skip to main content

Posts

Latest News

တိုင်းနှင့်ပြည်နယ်အနှံတွင် အချိန်အခါမဟုတ် နေရာကျဲကျဲ မိုးရွာသွန်းနိုင်

 ယခုတစ်ပတ်အတွင်း (၁၆.၃.၂၀၂၆ မှ ၂၂.၃.၂၀၂၆ အထိ) ဘင်္ဂလားပင်လယ်အော် အခြေအနေမှာ  ဘင်္ဂလားပင်လယ်အော် နှင့် ကပ္ပလီပင်လယ်ပြင်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေသည်။ ယခုတပတ်အတွင်း ကပ္ပလီပင်လယ်ပြင်တွင် တိမ်ထူထပ်ခြင်းနှင့် မိုးရွာသွန်းခြင်းများ ဖြစ်ပေါ်နိုင်သော်လည်း လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နိုင်ခြေ မရှိကြောင်း NUG လူမှုရေးရာ၊အလုပ်သမားနှင့်လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MOHADM)ကထုတ်ပြန်သည်။  မိုးလေဝသအခြေအနေမှာ မြန်မာနိုင်ငံ အနောက်မြောက်ဘက်မှ ရွှေ့လျားလာသည့် လေပွေလှိုင်းများကြောင့် ချင်းပြည်နယ်၊စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ကချင်ပြည်နယ်၊ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ကရင်နီပြည်နယ်နှင့် တနင်္သာရီတိုင်း တို့တွင် အချိန်အခါမဟုတ် နေရာကျဲကျဲ မိုးရွာသွန်းနိုင်ပါသည်။  ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် အချိန်အခါမဟုတ် မိုးထစ်ချုန်းရွာသွန်းနိုင်ပြီး အချို့နေရာများတွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း MOHADM မှသိရသည်။ - BAGAN NEWS 
Recent posts

ထားဝယ်-မြိတ်လမ်းတွင် နှစ်ပေါင်း ၃၀ ကျော် အခြေချတပ်စွဲထားသော စစ်တပ်စခန်းကို K.N.LA ပူးပေါင်းတပ်ဖွဲ့သိမ်း

 တနင်္သာရီတိုင်း ၊ မြိတ်-ထားဝယ်ခရိုင်၊ ကစယ်ဒိုမြို့နယ်(သရက်ချောင်းနယ်မြေ)၊ ထားဝယ်-မြိတ် အမှတ်(၈)လမ်းမှတ်ကြီး မင်းဒပ်ကျေးရွာအတွင်းတွင် နှစ်ပေါင်း(၃၀)ကျော် အခြေချတပ်စွဲထားသော ဝင်းဝတပ်စခန်းကို  မတ်လ (၁၁) ရက်နေ့ ညနေတွင် K.N.LA တပ်မဟာ(၄)နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း K.N.LA ကထုတ်ပြန်သည်။  ကရင်လွတ်မြောက်ရေးတပ်မတော် ဗျူဟာအမှတ်(၂)ဦးဆောင်မှုဖြင့် K.N.LA တပ်မဟာ(၄) တပ်ရင်း(၁၂)၊ တပ်မဟာ (၆) တပ်ရင်း(၂၇)၊ တပ်မဟာ(၄) အထူးကွန်မန်ဒိုတပ်ဖွဲ့၊ ဗျူဟာ(၃၃) လက်အောက်ခံ T(5)တပ်ရင်း နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။  ဝင်းဝစခန်းကို ၂၀၂၆ခုနှစ် ဖေဖော်ဝါရီလ(၇)ရက်နေ့ မှစတင်တိုက်ခိုက်ခဲ့ပြီး မတ်လ(၁၁)ရက်နေ့ ညနေ ၄ နာရီတွင် အပြီးသိမ်းပိုက်နိုင်ခဲ့ကြောင်းသိရသည်။  စစ်ဆင်ရေးတိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ ထိခိုက်ကျဆုံးရှိခဲ့ကြောင်း ကေအဲန်ယူ-မြိတ်ထားဝယ်ခရိုင်၊ ပြည်သူ့ဆက်ဆံရေးနှင့်သတင်းပြန်ကြားရေးကထုတ်ပြန်သည်။  ‎ဓာတ်ပုံ- KNLA တပ်မဟာ(၄)တပ်ရင်း(၁၂)၊ တပ်မဟာ(၄)တပ်ရင်း(၂၇)နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မျာ...

NUG နှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရအဖွဲ့တို့ တွေ့ဆုံ

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်များနှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရအဖွဲ့ဝင်များသည် မတ်လ ၁၀ ရက်နေ့တွင် လွတ်မြောက်နယ်မြေ တစ်နေရာ၌ လုပ်ပိုင်ခွင့် အာဏာခွဲဝေခြင်း (Division of Competency) နှင့်စပ်လျဉ်း၍ ဒုတိယအကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်း NUG ကထုတ်ပြန်သည်။  ယင်းအစည်းအဝေးတွင် နှစ်ဘက် တာဝန်ရှိသူများက လုပ်ပိုင်ခွင့်အာဏာခွဲဝေခြင်း (Division of Competency) ကိစ္စရပ်နှင့်စပ်လျဉ်း၍ ဆွေးနွေးကြရာ သဘောတူညီချက် ၉ ရပ် ချမှတ်နိုင်ခဲ့ကြောင်းသိရသည်။  အုပ်ချုပ်ရေး၊ ကာကွယ်ရေး၊ ဘဏ္ဍာရေးနှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်နိုင်ရေးတို့နှင့် စပ်လျဉ်း၍ ရှေ့ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကိုလည်း အပြန်အလှန် တိုင်ပင်ခဲ့ကြကြောင်း သိရသည်။  ၎င်းအစည်းအဝေးသို့ အမျိုးသားညီညွတ်ရေးအစိုးရမှ ဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန် ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်နီ၊ လူမှုကူညီရေး အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာငိုင်းတမ်မောင်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းက...